Connect with us

Hi, what are you looking for?

သတင်း

ကလေးမြောက်ပိုင်းတွင် ခုနှစ်ရက်​နေ့မြောက်​​တိုက်ပွဲ၆နာရီကြာဖြစ်ပွား

CDF-KKGကလည်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်ခဲ့သော်လည်းတိုက်ပွဲ လေးခုတွင် စစ်ကောင်စီတပ်သား ၇ ဦးကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်းဧပြီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)
(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)

ကလေးမြို့နယ် မြောက်ပိုင်းတွင် ခုနှစ်ရက်​နေ့​မြောက်တိုက်ပွဲအဖြစ် ဧပြီ ၅ ရက်တွင် ၆နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း အထက်ချင်းတွင်း CNO/CNDFတာဝန်ခံက ‌ပြောသည်။

ကလေးမြို့နယ်မြောက်ပိုင်းရှိ၊ ပျဉ်းတောဦးကျေးရွာ ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၄ ရက်ညက​ဒေသကာကွယ်​ရေးပူး​ပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့သည်။ ထို့နောက် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ကာ ထိုးစစ်ပြန်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

“မနေ့ညက ခြုံခိုပြီးသွားတိုက်တာ ပျဉ်းတောဦးရွာထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ကိုသွားတိုက်တာ။ မနက်ကျတော့ သူတို့က ချင်းစုရွာက ဝှိုက်ပြီးတက်လာတယ်။ ဒီနေ့တော့ ခြောက်နာရီကြာတိုက်ပွဲဖြစ်တယ်။ အသေအပျောက်တော့ရှိနိုင်တယ်။ သေချာတော့မသိရဘူး။ သူတို့ကျတာ လှမ်းမြင်ရတယ်။ ကျတော်ဘက်က တစ်ယောက် မစိုးရိမ်ရဒဏ်ရာရတယ်။” ဟု အဆိုပါCNO/CNDFတာဝန်ခံကPeople’s Spring သတင်းဌာနသို့ပြောသည်။

(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)
(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)

စစ်သားနှင့် ပျူ​စောထီးစုစု​ပေါင်း အင်အား ၁၀၀ ခန်ပါ​သောစစ်ကြောင်းသည် ယခုအခါ ချင်းစုရွာတွင် အခြေချ တပ်စစွဲ​နေ​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား မတ် ၃၀ ရက်စ၍ ဧပြီ ၅ ရက်အထိ တစ်ပါတ်ကြာတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။စစ်ကောင်စီတပ်က ထိခိုက်​သေဆုံးမှုများလာပြီး​နောက်လေကြောင်းတိုက်ခိုက်မှုကို အလွန်အကျွံအသုံးပြုခဲ့သော်လည်း စစ်ကောင်စီတပ်သား ၁၀ဦးကို ၎င်းတို့အဖွဲ့က သုတ်သင်နိုင်ခဲ့သည်ဟု ၎င်းကဆိုထားသည်။

“အလောင်းတွေကို အော်ပြီးသယ်နေတာ မျက်မြင်တွေ့ခဲ့ရတယ်”ဟု အထက်ပါတာဝန်ခံကဆက်ပြောသည်။

CDF-KKGကလည်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်ခဲ့သော်လည်းတိုက်ပွဲ လေးခုတွင် စစ်ကောင်စီတပ်သား ၇ ဦးကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်းဧပြီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်မြောက်ပိုင်းရှိ ချမ်းသာကြီးရွာစာသင်​ကျောင်း၌တပ်စွဲထား​သောအင်အား ၃၀ ခန့်ရှိ​သော စစ်​ကောင်စီတပ်ကို မတ် ၃၀ မနက်တွင် CDF- KKG နှင့် ချမ်းသာကြီးပကဖတို့က သွား​ရောက်တိုက်ခိုက်ခဲ့သည်။ ထို​နောက်စစ်တပ်က အင်အားဖြည့်ပြီး စစ်​ကြောင်းထိုးလာရာတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)
(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)

မတ် ၃၁ ရက်တွင်ကလေးမြို့မြောက်ပိုင်းတွင် နန်းဆောင်းပုကျေးရွာမှ ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို CDF-KKGက ပျဉ်းတော်ဦး သုသာန်တွင် သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင်CDF-KKG မှ ရဲ​ဘော်တစ်ဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်သားရုပ်အလောင်း၇ လောင်းကို မျက်မြင်တွေ့ခဲ့ရသည်ဟုသိ့ရသည်။ စစ်တပ်မှကျည်ဘောက်စ်၂ ခု ၊ကျည်ဆံ ၂၇ ​တောင့် နှင့်စစ်အသုံးအ​ဆောင်ပစ္စည်း အချို့ သိမ်းဆည်းရရှိ​ကြောင်း CDF-KKGကဆိုသည်။ ထိုတိုက်ပွဲတွင် အခြား​ဒေသခံ​ကာကွယ်​ရေးတပ်များပါCDF-KKG နှင့်အတူ ပါဝင်အားဖြည့်လာပြီးတိုက်ပွဲများပိုမိုပြင်းထန်လာ​ကြောင်းသိ့ရသည်။

စစ်တပ်နှင့်ပျူများကိုCDF-KKG၊CNDF၊ CNDF Vakok ၊က​လေး PDF, CDM-Siyin ၊Chin Refils ၊ PDA၊ TCDF ၊ HNB ၊CR ၊ ပကဖ စ​သော​ဒေသခံကာကွယ်​ရေးတပ်များက ပူး​ပေါင်းတိုက်ခိုက်​နေ​ကြောင်း ​သိ့ရသည်။

က​လေး​မြောက်ပိုင်းရှိရွာများကို လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်​နေ​သော က​လေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်အ​မြောက်တပ်ဖွဲ့ရှိရာသို့ CDF -Siyin မှရဲ​ဘော်များက ဧပြီ ၃ ရက်မနက် တွင် သွား​ရောက်ခြုံခိုတိုက်ခိုက်ရာ စစ်သားအချို့​သေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရရှိခဲ့​ကြောင်းအဖွဲ့မှ တာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံချောင်း၊ မြောက်ချောင်း၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ်၊ ဆည်ကြီးစသည့် ကလေးမြောက်ပိုင်းရှိ ကျေးရွာ၂၀ ခန့် ပြည်သူ သုံးသောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။