Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံ ပျက်စီး

အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂)နယ်မြေဖြစ်သည်။ တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

(စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးခဲ့ကြောင်း ရွှေကူပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့တွင် ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအခြေအနေအသေးစိတ်ကို ရွှေကူ PDF ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက် အသွယ်မရသေးပေ။

(စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ PDF)

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားနေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရွှေကူမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၅ရက်တွင် ရွေကူနယ် စီသာကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“အကုန်ပြာဖြစ်ပြီ စီသာရွာက ။ မီးလောင်တိုက်သွင်းခံရသလိုပေါ့”ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံက ဧပြီ ၅ရက်တွင် ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတ်လ ၂၃ရက်ကစပြီး စစ်ကြောင်းထိုးလာ၍ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိကြောင်း ဒေသခံ အချို့က ယခင်ပြောကြားထားသည်။ ထို့ကြောင့် မတ်လ ၂၃ရက်မှ ယခုအချိန်ထိ ရွှေကူနယ်ကို လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ PDF)

အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂)နယ်မြေဖြစ်သည်။ တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။