Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့မြောက်ပိုင်းက တစ်ပတ်ကြာတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၅ဦးသေဆုံး

ကလေးမြို့မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(၁၁)ဖွဲ့ တို့ကြား မတ်လ ၃၀ ရက်မှ ဧပြီ ၇ရက်အထိ တစ်ပတ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်သားများက နေအိမ်နံရံများ၌ လူမျိုးရေးမုန်းတီးစေသည့် စာများရေးသားခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CNO/CNDF)
(စစ်ကောင်စီတပ်သားများက နေအိမ်နံရံများ၌ လူမျိုးရေးမုန်းတီးစေသည့် စာများရေးသားခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CNO/CNDF)

▪︎​​စစ်ကောင်စီတပ်က နေအိမ်များဖောက်ထွင်းပြီး လူမျိုးရေးမုန်းတီးစေမည့် စာများရေးသားခဲ့

စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် တစ်ပတ်ကြာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း ၂၅ ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNO/CNDF(အထက်ချင်းတွင်းဒေသ)က သတင်းထုတ်ပြန်သည်။

ကလေးမြို့မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(၁၁)ဖွဲ့ တို့ကြား မတ်လ ၃၀ ရက်မှ ဧပြီ ၇ရက်အထိ တစ်ပတ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးနှင့် ရဟတ်ယာဉ် သုံးစီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးရက်ဆက်ပြုလုပ်ခဲ့သည်။

“ဧပြီ ၆ ရက်နေ့က မနက်ကစပြီး စစ်ကောင်စီတပ်ကပြန်ဆုတ်သွားလို့ ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရပါတယ်”ဟု အထက်ချင်းတွင်း CNO/CNDFတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်သားများက နေအိမ်နံရံများ၌ လူမျိုးရေးမုန်းတီးစေသည့် စာများရေးသားခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CNO/CNDF)
(စစ်ကောင်စီတပ်သားများက နေအိမ်နံရံများ၌ လူမျိုးရေးမုန်းတီးစေသည့် စာများရေးသားခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – CNO/CNDF)

စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးတပ်တို့ကြား မတ်လ ၃၀ ရက်နံနက်ပိုင်းတွင် ချမ်းသာကြီးရွာနှင့် လက်ပံချောင်းရွာကြားတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတ်လ ၃၁ ရက်တွင် နံနက် ၈ နာရီက ပျဉ်းတောဦးရွာ အရှေ့ဘက်သင်္ချိုင်းကုန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီ ၁၀ ဦးသေဆုံးကာ ၂၀ ဦးခန့်ဒဏ်ရာရရှိသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်က ကလေးမြို့မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သည်။

Public Service Announcement
Public Service Announcement

ညနေပိုင်းတွင် စစ်ကောင်စီတပ်က ခြေလျင်၊ လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုပြီးတိုက်ခိုက်ခဲ့သော်လည်း အနည်းဆုံး ၇ ဦးထပ်မံသေဆုံးခဲ့သည်။

ဧပြီ ၂ ရက်တွင် နံနက် ၈နာရီတွင်လည်း နန်းစောင်းပုရွာမှ နတ်တံခါးချောင်းရွာအနောက်ဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်အသုံးပြုခဲ့သည့်အပြင် ကလေးမြို့မှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်။

စစ်ကောင်စီတပ်က ဧပြီ ၃ရက်က ပျဉ်တော်ဦးရွာတွင် ဂျက်လေယာဉ် တစ်စီး၊ ရဟတ်ယာဉ် သုံးစီးအသုံးပြုခဲ့သော်လည်း ယင်းနေ့တိုက်ပွဲတွင် နှစ်ပွင့်ဗိုလ်အပါအဝင် ၈ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၅ ရက်ကတွင်လည်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ ချင်းစုရွာထိပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ (၄၀)မမ ပေါက်ကွဲမှုကြောင့် ကာကွယ်ရေးရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

(စစ်ကောင်စီတပ်သားများက နေအိမ်နံရံများ၌ လူမျိုးရေးမုန်းတီးစေသည့် စာများရေးသားခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CNO/CNDF)
(စစ်ကောင်စီတပ်သားများက နေအိမ်နံရံများ၌ လူမျိုးရေးမုန်းတီးစေသည့် စာများရေးသားခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – CNO/CNDF)

ဧပြီ ၆ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခြင်းကြောင့် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် ပြည်သူနှစ်ဦး၏ ရုပ်လောင်းများကိုတွေ့ရှိခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများခိုးယူပြီး လူမျိုးရေးမုန်းတီးစေမည့် စာသားများရေးသားခဲ့သေးသည်။

“အာဏာရှင်စနစ်ကို တော်လှန်တာပါ ငါတို့ရသင့်တဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရတာပါ”ဟု CNDFတပ်မမှူးက ပြောသည်။

ကလေးမြို့မြောက်ပိုင်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဖြစ်သည့် CNDF ၊ CDF-Tonzang ၊ HNB ၊ CR ၊ PDA ၊ PDF-Zoland၊ Cangelzawl-ပကဖ၊ RKDF ၊ CDF-KKG ၊ ပျဉ်းတောဦး-ပကဖ နှင့် CDM Siyin ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲကြောင့် ကျေးရွာ၁၇ ရွာမှ ဒေသခံပြည်သူ သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။