Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရသူ အင်ဂျင်နီယာ ကျောင်းသား ထောင်ကပြန်လွတ်

ကိုလျှံဖြိုးအောင်ဟာ စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှုတွေအားကောင်းနေချိန် မတ်လ ၂၇ ရက်က မကွေးမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်ဖမ်းဆီးခံရတာပါ။

ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုလျှံဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ − လျှံဖြိုးအောင်ဖေ့ဘွတ်ခ်
ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုလျှံဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ − လျှံဖြိုးအောင်ဖေ့ဘွတ်ခ်

စစ်ကောင်စီရဲ့အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် လက်ဖြတ်ရတဲ့အထိ ကိုယ်လက်အင်္ဂါချို့ယွင်းသွားရတဲ့ မကွေးနည်းပညာတက္ကသိုလ် အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ဟာ ဒီနေ့မှာ မကွေးထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ထောင်ကနေ ပြန်လည်လွတ်မြောက်လာတာကို ကိုလျှံဖြိုးအောင်ကလည်း လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

” ကျွန်တော် လွတ်ပါပီ ဆေးကုသဖို့ စီစဉ်မှာမို့ အားလုံးကျေးဇူးပါ” လို့ ကိုလျှံဖြိုးအောင် ရဲ့လူမှုကွန်ရက်မှာရေးသားထားတာတွေ့ရပါတယ်။

ကိုလျှံဖြိုးအောင်ဟာ စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှုတွေအားကောင်းနေချိန် မတ်လ ၂၇ ရက်က မကွေးမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်ဖမ်းဆီးခံရတာပါ။

Public Service Announcement

Public Service Announcement

အဲဒီနေ့ဟာ အာဏာသိမ်းစစ်တပ် တပ်မတော်နေ့ ကျင်းပတဲ့နေ့ဖြစ်ပြီး မကွေးသပိတ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရပါတယ်။

အသက် ၂၀ အရွယ် ကိုလျှံဖြိုးအောင်ဟာ သပိတ်မှာ ဒိုင်းကာအဖြစ် ရှေ့တန်းက ရှိနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့်မျက်လုံးကို ယမ်းစထိမှန်တဲ့အပြင် ညာဘက် လက်လည်းဖြတ်တောက်ခဲ့ရပါတယ်။

ကိုယ်လက်အင်္ဂါချို့ယွင်းသွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို ဖမ်းဆီးပြီးနောက် မကွေးစစ်ဆေးရုံမှာ ၃ လကြာ ကုသပေးပေမယ့် ဒဏ်ရာတွေ မသက်သာခင်မှာပင် မကွေးထောင်ကို စစ်ကောင်စီက ပို့လိုက်ပါတယ်။

အဲနောက် ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်ကာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချလိုက်တာဖြစ်ပါတယ်။

ထောင်ထဲမှာ ၂ နှစ်ကျော်ကြာ မတရားဖမ်းဆီး ချုပ်နှောင်ခံရပြီးနောက် ဒီနေ့မှာ ကိုလျှံဖြိုးအောင် ပြန်လွတ်မြောက်လာတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။