Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ ကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရသူ အင်ဂျင်နီယာ ကျောင်းသား ထောင်ကပြန်လွတ်

ကိုလျှံဖြိုးအောင်ဟာ စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှုတွေအားကောင်းနေချိန် မတ်လ ၂၇ ရက်က မကွေးမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်ဖမ်းဆီးခံရတာပါ။

ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုလျှံဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ − လျှံဖြိုးအောင်ဖေ့ဘွတ်ခ်
ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုလျှံဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ − လျှံဖြိုးအောင်ဖေ့ဘွတ်ခ်

စစ်ကောင်စီရဲ့အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် လက်ဖြတ်ရတဲ့အထိ ကိုယ်လက်အင်္ဂါချို့ယွင်းသွားရတဲ့ မကွေးနည်းပညာတက္ကသိုလ် အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ဟာ ဒီနေ့မှာ မကွေးထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ထောင်ကနေ ပြန်လည်လွတ်မြောက်လာတာကို ကိုလျှံဖြိုးအောင်ကလည်း လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

” ကျွန်တော် လွတ်ပါပီ ဆေးကုသဖို့ စီစဉ်မှာမို့ အားလုံးကျေးဇူးပါ” လို့ ကိုလျှံဖြိုးအောင် ရဲ့လူမှုကွန်ရက်မှာရေးသားထားတာတွေ့ရပါတယ်။

ကိုလျှံဖြိုးအောင်ဟာ စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှုတွေအားကောင်းနေချိန် မတ်လ ၂၇ ရက်က မကွေးမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်ဖမ်းဆီးခံရတာပါ။

Public Service Announcement

Public Service Announcement

အဲဒီနေ့ဟာ အာဏာသိမ်းစစ်တပ် တပ်မတော်နေ့ ကျင်းပတဲ့နေ့ဖြစ်ပြီး မကွေးသပိတ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရပါတယ်။

အသက် ၂၀ အရွယ် ကိုလျှံဖြိုးအောင်ဟာ သပိတ်မှာ ဒိုင်းကာအဖြစ် ရှေ့တန်းက ရှိနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့်မျက်လုံးကို ယမ်းစထိမှန်တဲ့အပြင် ညာဘက် လက်လည်းဖြတ်တောက်ခဲ့ရပါတယ်။

ကိုယ်လက်အင်္ဂါချို့ယွင်းသွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို ဖမ်းဆီးပြီးနောက် မကွေးစစ်ဆေးရုံမှာ ၃ လကြာ ကုသပေးပေမယ့် ဒဏ်ရာတွေ မသက်သာခင်မှာပင် မကွေးထောင်ကို စစ်ကောင်စီက ပို့လိုက်ပါတယ်။

အဲနောက် ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်ကာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချလိုက်တာဖြစ်ပါတယ်။

ထောင်ထဲမှာ ၂ နှစ်ကျော်ကြာ မတရားဖမ်းဆီး ချုပ်နှောင်ခံရပြီးနောက် ဒီနေ့မှာ ကိုလျှံဖြိုးအောင် ပြန်လွတ်မြောက်လာတာပါ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။