Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နှင့် ယောနယ်စပ်ကို စစ်ကောင်စီတပ် ယမန်နေ့ည လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ယမန်နေ့ (ဧပြီ ၇ရက်) နံနက်မှစ၍ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တစ်နေရာ၌ တိုက်ပွဲပြင်းထန်နေကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ထားသည်။

(စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိက အများဆုံးအသုံးပြု​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိက အများဆုံးအသုံးပြု​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း ယောဒေသအစပ်ကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။

ဧပြီ ၇ရက် ည ၁၁နာရီခွဲ၌ တစ်ကြိမ်၊ ည ၁၂နာရီ ၅မိနစ်တွင် တစ်ကြိမ်၊ ၁၂နာရီ ၁၂မိနစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး ဒေသခံ၊ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူ အချို့ထံဆက်သွယ် စုံစမ်းနေဆဲဖြစ်သည်။

ယမန်နေ့ (ဧပြီ ၇ရက်) နံနက်မှစ၍ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တစ်နေရာ၌ တိုက်ပွဲပြင်းထန်နေကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF၊ ယောဒေသ ကာကွယ်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ ယမန်နေ့ နံနက်မှ စတင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ မင်းတပ် အခြေစိုက် ခလရ(၂၇၄) တပ်ရင်းရှိ စစ်ကောင်စီတပ်က မင်းတပ် မြို့နယ် ကျေးရွာများဘက် သို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပစ်ခတ်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ယခုရက်ပိုင်း လူစုလူဝေး ပြုလုပ်ခြင်း၊ ရိုးရာပွဲသဘင် ပြုလုပ်ခြင်းများ ရှောင်ကြဉ်ကြရန် မင်းတပ် CDF က အရေးပေါ် အသိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။