ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရဲစခန်းကို (၈၁) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများနိုင်ကြောင်း PDF ခရမ်း ခေါင်းဆောင် ကိုမီးပွားက ပြောသည်။
“လက်နက်ကြီးနဲ့ ထုလိုက်တာ။ ခရမ်းရဲစခန်းကို တည့်တည့်ကျတာပဲ။ ပြင်းချက်က အောင်ထနေတာပဲ ။ မြို့ပါတုန်တယ်။”ဟု ၎င်းက ပြောသည်။
ဧပြီ ၉ ရက် ညနေ ၅ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို တည့်တည့်ထိမှန်သောကြောင့် ထိခိုက်ဒဏ်ရာများနိုင်ကြောင်း ၎င်းက ဆိုသည်။
“ပြန်ပစ်ဖို့နေနေသာ ပြေးကြ၊ ပုန်းကြ။ ကျွန်တော်တို့ အဖွဲ့ကတော့ အေးဆေးပါပဲ”ဟု အဖွဲ့သားအားလုံး အန္တရာယ်ကင်းကြောင်း ကိုမီးပွားက ပြောသည်။

Public Service Announcement

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိသူ သုံးဦးရှိသည်ဟု ကနဦးသတင်းရရှိကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြပေးနေသည့် Khayan Channel ကဖော်ပြထားသည်။
PDF ခရမ်း အနေဖြင့် ဧပြီ ၃ ရက်ကလည်း ခရမ်းမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုနှင့် စစ်ကောင်စီ ဂိတ်နှစ်ခုကို (၄၀) မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီးခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သင်္ကြန်ပွဲတော်ကာလ နှင့်ပတ်သက်၍ ကိုမီးပွားက “သင်္ကြန်မှာ ရေဖလား ကိုင်မယ့်အစား ရရာလက်နက်ကိုင်ကြပြီး တော်လှန်ကြပါလို့”ဟု ပြည်သူများကို သတင်းစကားပါးသည်။


















































