Connect with us

Hi, what are you looking for?

သတင်း

ခရမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်နှစ်ခုအား (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီ၏ ပိန်းကန်ရဲစခန်း၊ ကရင်ကန်ဂိတ် နှင့် သစ်တောစစ်ဆေးရေးဂိတ်တို့အား တိုက်ခိုက်ခဲ့ခြင်းဟု ကိုမီးပွားက ပြောသည်။

(ခရမ်းမြို့တွင် ၂၀၂၁ ​ဖေ​ဖော်ဝါရီက စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ဖြိုခွင်ရန်ပြင်ဆင်​နေ​သော စစ်​ကောင်စီတပ်သားများကို ​တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ခရမ်းမြို့တွင် ၂၀၂၁ ​ဖေ​ဖော်ဝါရီက စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ဖြိုခွင်ရန်ပြင်ဆင်​နေ​သော စစ်​ကောင်စီတပ်သားများကို ​တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်နှစ်ခုအား (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF Kayan ခေါင်းဆောင် ကိုမီးပွားက ပြောသည်။

စစ်ကောင်စီ၏ ပိန်းကန်ရဲစခန်း၊ ကရင်ကန်ဂိတ် နှင့် သစ်တောစစ်ဆေးရေးဂိတ်တို့အား တိုက်ခိုက်ခဲ့ခြင်းဟု ကိုမီးပွားက ပြောသည်။

“ပြည်သူ‌ကိုဒုက္ခပေးနေတဲ့ စကစဂိတ်တွေ ၊ ကရင်ကန်ဂိတ် ၊ သစ်တောဂိတ် နဲ့ ပိန်းကန်ရဲစခန်းကို ဒီနေ့ညနေမှာ တိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးတွင် နေရာတစ်နေရာကို (၄၀) မမဗုံးသီး လေးလုံးခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်ကိုမူ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ဘက်ကတော့ အေးဆေးပါပဲ။”ဟု ရဲဘော်အားလုံးဘေးကင်းကြောင်း ကိုမီးပွားကပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ခြောက်ဦးခန့်ရှိနိုင်ကြောင်း ဒေသတွင်းသတင်းများ ဖော်ပြပေးနေသည့် ခရမ်းချန်နယ်က အသိပေးထားသည်။

ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းဖုံးထားသောကြောင့် ထိခိုက်သူအရေအတွက်သည် ယင်းပမာဏထက် များနိုင်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ဖြစ်သည့်အချိန်တွင် စစ်ကောင်စီဘက်မှ စက်သေနတ်ဖြင့်ပစ်၍ အလောင်းကောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ရေးသားထားသည်။

အဆိုပါစစ်ဆင်ရေး အထိအခိုက်အတိအကျကို လူထုနွေဦး အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“ခရမ်းမြို့ကို ခရမ်းပြည်သူတွေပိုင်တယ်။ ခရမ်းပြည်သူတွေက မွေးဖွားလာတဲ့ ခရမ်း PDFတွေနဲ့အတူ ရရာလက်နက်ကိုင်စွဲပြီး အကြမ်းဖက် စကစကို တော်လှန်ကြပါစို့ လို့ပြောချင်ပါတယ်” ဟု ကိုမီးပွားက ပြောသည်။

ထို့ပြင် ၎င်းတို့အဖွဲ့သည် ပြည်သူ့ထောက်ပံ့မှုဖြင့်ရပ်တည်နေသည့် အဖွဲ့ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။