Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ် ၁၀လုံးခန့်ဖျက်ဆီး၊ ဒေသခံတစ်ဦးအား ပစ်ခတ်

စစ်ကောင်စီတပ်၏ စီးနင်းပစ်ခတ်မှုများကြောင့် မင်းကွန်းနယ်မြောက်ခြမ်း၊ ဧရာဝတီမြစ်ဘေးရှိ ကျေးရွာအများအပြားမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က တလိုင်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ်က တလိုင်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကန်ကြီးကုန်းကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀လုံးခန့်ဖျက်ဆီးကာ ဒေသခံပြည်သူတစ်ဦးအား ပစ်ခတ်သွားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၈ ရက်က စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အစပ်သို့ Mi-35 နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး Mi-17 နှစ်စီးဖြင့် အင်အားပို့ဆောင်ခဲ့သော စစ်ကောင်စီတ​ပ်သည် စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုရွာနှင့် တလိုင်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

ထို့နောက် ယနေ့ (ဧပြီ ၁၀ ရက်) နံနက်ပိုင်းတွင် ကန်ကြီး‌ကုန်းရွာကို ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ဦးအား ဖမ်းဆီးကာ နေအိမ် ၁၀လုံးခန့်အားဖျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က တလိုင်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ်က တလိုင်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ထို့နောက် ကန်ကြီးကုန်းရွာမှ ထွက်ခွာစဥ် လမ်းတွင်တွေ့သော ဒေသခံပြည်သူ တစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြန်ထွက်သွားပြီပြောတယ်။ သေနတ်မှန်တဲ့သူက ပေါင်မှန်တာ။ ကြောက်လို့ထွက်ပြေးတာကို ပစ်တာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ စီးနင်းပစ်ခတ်မှုများကြောင့် မင်းကွန်းနယ်မြောက်ခြမ်း၊ ဧရာဝတီမြစ်ဘေးရှိ ကျေးရွာအများအပြားမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က တလိုင်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ်က တလိုင်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက် အမှတ်(၃)လမ်းမကြီးအနီးတဝိုက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ‌၍ ဧပြီ ၈ ရက်မှ ၁၀ ရက်အထိယာယီ ပိတ်ထားကြောင်း၊ လိုက်နာခြင်းမရှိဘဲ သွားလာ၍ တစုံတရာ ဖြစ်ပေါ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သ​ည် ဧပြီ ၈ ရက်က စစ်ကိုင်းမြို့နယ် တလိုင်းရွာအား စီးနင်းပြီး နေအိမ် ၁၀လုံး၊ ကျေးလတ်ဆေးပေးခန်း၊ ထရန်စဖော်မာနှင့် သုံးဘီးယာဥ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။