Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်၊ အရပ်သား ၁၀ဦးထက်မနည်းသေဆုံး

ချင်းတစ်မျိုးသားလုံးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား တစ်ခဲနက် ဆက်လက်ဆန့်ကျင်တော်လှန်ကြရန်အလေးအနက်တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

(ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

▪︎အရပ်သားပြည်သူများအား အကြမ်းဖက်သည့် စစ်ကောင်စီလုပ်ရပ် ICNCC ရှုံ့ချ၊ တခဲနက် ဆန့်ကျင်တော်လှန်ရန် တိုက်တွန်း

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၁၀ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ချင်းအဖွဲ့အစည်းများက ထုတ်ပြန်သည်။

ဧပြီ ၁၀ရက် နံနက်တွင် ဖလမ်းမြို့နယ် ဗားရ်စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဗားရ်ကျေးရွာ၊ ဝေဘူလမြို့နှင့် ရမ်ထလိုကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗားရ်စစ်ကောင်စီစခန်းကို ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့(CNDF)က စခန်းသိမ်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၅ဦး ရှိသည့်အနက် ၁၄ဦးသေဆုံးပြီး ၁၁ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၂၁လက် ရရှိခဲ့ကြောင်း CNDFက အသိပေးထားသည်။

ထိုသို့ တိုက်ခိုက်ခံရသည့် ဗားရ်ကျေးရွာသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ခြောက်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အသက်(၄၉)နှစ်အရွယ် ကျေးရွာတာဝန်ခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံ ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ချင်းရေးရာအဖွဲ့ချုပ်ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာဖြစ်သော ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါး၊ ဖလမ်းမြို့နယ်ကြားကာလ ပညာရေးဘုတ်အဖွဲ့လက်အောက်ရှိ ပြည်သူ့ကျောင်းမှ ကျောင်းအုပ်ဆရာကြီးတစ်ဦးတို့အပါအဝင် အရပ်သားပြည်သူ ၉ ဦးသေဆုံးကာ အနည်းဆုံး လေးဦး ဒဏ်ရာရခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့ ထုတ်ပြန်သည်။ သေဆုံးသူများအနက် သုံးဦးမှာ အမျိုးသမီးများဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေ ၄နာရီတွင် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ဖလမ်းနှင့် ဟားခါးကြားတွင် စစ်ကောင်စီ ယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့သည်။ အဆိုပါ ယာဉ်တန်းသည် ဧပြီ ၆ရက်တွင် ရမ်ထလိုကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၉လုံးမီးလောင်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့သော အာဏာသိမ်းစစ်ကောင်စီ၏ပြုကျင့်မှုသည် ၎င်းတို့အနေဖြင့် တိုင်းရင်းသားလူနည်းစုများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲ ဖော်ပြနေခြင်းဖြစ်ပြီး၊ လူမဆန်သော လုပ်ရပ်သာဖြစ်၍ ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်သည်။

ချင်းတစ်မျိုးသားလုံးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား တစ်ခဲနက် ဆက်လက်ဆန့်ကျင်တော်လှန်ကြရန်အလေးအနက်တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။