Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်တွင်စစ်​ကောင်စီက ​လေယာဥ်ဖြင့်ဗုံးကျဲ၍ ၄​နှေစ်အရွယ် ကလေးငယ်အပါအဝင်ပြည်သူ ၂ ဦး​သေဆုံး

စစ်ကောင်စီတပ်သည် ပန်းပါရွာကို ဧပြီ ၁၆ရက် ညနေပိုင်း၌ တိုက်လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

(စစ်​ကောင်စီတပ်က ယခုရက်ပိုင်းအတွင်းမင်းတပ် မြိုနယ်တွင်​လေ​ကြောင်းမှကျဲခဲ့​သောဗုံးအစိတ်အပိုင်းအချို့။ ဓါတ်ပုံ-CDF-မင်းတပ်)
(စစ်​ကောင်စီတပ်က ယခုရက်ပိုင်းအတွင်းမင်းတပ် မြိုနယ်တွင်​လေ​ကြောင်းမှကျဲခဲ့​သောဗုံးအစိတ်အပိုင်းအချို့။ ဓါတ်ပုံ-CDF-မင်းတပ်)

▪︎ပြည်သူ ၇ဦး ဒဏ်ရာရဟု မင်းတပ် CDF အသိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၁) ပန်းပါရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၆ရက် ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ဦး သေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပန်းပါရွာကို ဧပြီ ၁၆ရက် ညနေပိုင်း၌ တိုက်လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် (၇၀) အရွယ်အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၅ဦး အပါအဝင် ၇ဦး ဒဏ်ရာရခဲ့ကြောင်း​ဖော်ပြထားသည်။

ပြည်သူလူထုနေအိမ် ၂လုံး မီးလောင်ပျက်စီးသွားပြီး လူနေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုအပြင် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) အကြမ်းဖက်စစ်ကောင်စီ တပ်ကလည်း လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။