Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင်စစ်​ကောင်စီက ​လေယာဥ်ဖြင့်ဗုံးကျဲ၍ ၄​နှေစ်အရွယ် ကလေးငယ်အပါအဝင်ပြည်သူ ၂ ဦး​သေဆုံး

စစ်ကောင်စီတပ်သည် ပန်းပါရွာကို ဧပြီ ၁၆ရက် ညနေပိုင်း၌ တိုက်လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

(စစ်​ကောင်စီတပ်က ယခုရက်ပိုင်းအတွင်းမင်းတပ် မြိုနယ်တွင်​လေ​ကြောင်းမှကျဲခဲ့​သောဗုံးအစိတ်အပိုင်းအချို့။ ဓါတ်ပုံ-CDF-မင်းတပ်)
(စစ်​ကောင်စီတပ်က ယခုရက်ပိုင်းအတွင်းမင်းတပ် မြိုနယ်တွင်​လေ​ကြောင်းမှကျဲခဲ့​သောဗုံးအစိတ်အပိုင်းအချို့။ ဓါတ်ပုံ-CDF-မင်းတပ်)

▪︎ပြည်သူ ၇ဦး ဒဏ်ရာရဟု မင်းတပ် CDF အသိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၁) ပန်းပါရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၆ရက် ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ဦး သေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပန်းပါရွာကို ဧပြီ ၁၆ရက် ညနေပိုင်း၌ တိုက်လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် (၇၀) အရွယ်အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၅ဦး အပါအဝင် ၇ဦး ဒဏ်ရာရခဲ့ကြောင်း​ဖော်ပြထားသည်။

ပြည်သူလူထုနေအိမ် ၂လုံး မီးလောင်ပျက်စီးသွားပြီး လူနေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုအပြင် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) အကြမ်းဖက်စစ်ကောင်စီ တပ်ကလည်း လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်