Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်သစ်ကူးကာလ ဒီးမေ့ာဆိုတိုက်ပွဲစစ်တပ်ထံမှ လက်နက်မျိုးစုံ ၁၃ လက်နက်ခဲယမ်းများစွာ ရဟု ကရင်နီတပ်အသိပေး

ဧပြီ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေနေများ နှင့် ဧပြီ ၁၈ရက် တိုက်ပွဲအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတက်ထံမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KnIc)
(စစ်​ကောင်စီတက်ထံမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KnIc)

▪︎ကရင်နီတပ်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့၊ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရရှိမှုအ​သေးစိတ်ကိုမူမသိရ​သေး

ကရင်နီပြည်နယ်(ကယားပြည်နယ်) ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အများအပြားနှင့် ကျည်၊ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဗဟို သတင်းနှင့် ပြန်ကြားရေး KnICက သတင်းထုတ်ပြန်သည်။

ဧပြီ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေနေများ နှင့် ဧပြီ ၁၈ရက် တိုက်ပွဲအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့ နှစ်ရက်တာအတွင်း ဒီးမော့ဆိုမြို့နယ် ဒေါညေးခူ ကျေးရွာ အပေါ်ဖက် တောင်ကြောပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်ခဲ့သည်ဟုဆိုသည်။ ပူးပေါင်းတပ်တွင် KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့ပါဝင်ကြောင်း အသိပေးထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများရှိ​သော်လည်းအ​သေးစိပ်မသိရ​သေးဘဲ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ​ကြောင်းကိုသာ ​မြေပြင်မှ ရဲ​ဘော်များသတင်း​ပေးပို့မှုအားကိုးကား၍ ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧပြီလ (၁၆)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ RPG ကျည် (၄) လုံး၊60mm ကျည် (၆) လုံး၊79ကျည် (၂၄) လုံး၊ 5.56ကျည် (၂၂၁ )တောင့်၊7.62ကျည် (၅၂၀ )တောင့်၊ကျည်အိမ် ( ၈ )ခု၊အီနာဂါ (၆ )လုံး၊ လက်ပစ်ဗုံး (၁၂) လုံး တို့အား သိမ်းဆည်ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဧပြီလ (၁၇)ရက်နေ့ တိုက်ပွဲအတွင်း ၆၀mm ပြောင်း (၁) ပြောင်း / အသီး (၅)လုံး၊ RPG (၁)လက် / အသီး (၉)လုံး ၊ ငါးကြင်းမြီး ( ၁) လက် ၊ MA-1 (၂ )လက် ၊MA-2 (၁) လက် ၊MA-3 (၅) လက် ၊MA-4 79တွဲ ( ၂) လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂လက်ရရှိခဲ့သည်ဟုဆိုသည်။

ထို့အပြင် 79ကျည် ( ၂၀) လုံး၊ 5.56ကျည် (၃ )ထောင် ၊7.62ကျည် (၁) ထောင် ၊ ၁၆မိုင်း (၁ )လုံး၊ ၁၄မိုင်း ( ၁၃) လုံး၊ ကျည်ဘောက် (၃၁) ခု ၊မိုင်းရှာစက် (၁ )ခု ၊စက်ကြီး (၁ )ခု ၊Laptop ( ၁) လုံး ၊ဖုန်း (၅ )လုံး နှင့် ဆက်စပ်ပစ္စည်းများ.သိမ်းဆည်းရရှိခဲ့ကြောင်း လည်းအသိ​ပေးထားထားသည်။

နှစ်ရက်တာ တိုက်ပွဲအတွင်း KA ရဲဘော် (၁)ဦး ကျဆုံးခဲ့သည်ဟု အသိပေးထားသည်။

ဧပြီ ၁၇ရက်တွင် KNDF တပ်ရင်း ၁၅က ဖရူဆို အရှေ့ဘက်ခြမ်းမှ အမှတ်(၁၄) တပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ ဒေါဗျာကူးရွာဟောင်းရှိ ပြည်သူတစ်ဦး ထိခိုက် ကာ နေအိမ်တစ်လုံး ထိခိုက်ခဲ့သည်ဟုဆိုသည်။ ထို့ပြင် နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတက်ထံမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KnIc)
(စစ်​ကောင်စီတက်ထံမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KnIc)

ညနေပိုင်း၌ ဖရူဆိုမြိုလမ်းမ ကြီးအနောက်ဖက်ခြမ်းမှ KA၊ KNDF B/15 ၊ B/04 ၊နေပြည်တော် PDF တို့ပူးပေါင်း၍ အမှတ် (၁၄)သင်တန်ကျောင်းအား ၆၀ မမ လက်နက်ကြီး ၊ ၁၀၇ ရှော့တိုက်ဒုံး တို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တုံ့ပြန် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိဟု အသိပေးသည်။

ထို့ပြင် စစ်ကောင်စီတပ်က ညပိုင်း၌ တိုက်လေယာဉ် ၃စီးဖြင့် ဒေါညေးခူရွာဘက်သို့ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ဧပြီ ၁၈ရက် တွင် ဒေါညေးခူရွာအနီး တောင်ပေါ်၌ တပ်ဆုတ်နေသော စစ်ကောင်စီအား ကရင်နီ ပူးပေါင်းတပ်က လိုက်လံရှင်းလင်းရာ စစ်ကောင်စီ၏ အဓိက စစ်ကြောင်းမှူး ဦးဆောင်သူပါသည့် စစ်ကြောင်းနှင့်အနီးကပ် တိုက်ပွဲဖြစ်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီးကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။