Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်၂၀ထက်မနည်းသေဟုဆို

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

(ဖယ်ခုံ မြောက်စလုံးရွာ တိုက်ပွဲတွင် သိမ်းဆည်းနိုင်ခဲ့သည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)
(ဖယ်ခုံ မြောက်စလုံးရွာ တိုက်ပွဲတွင် သိမ်းဆည်းနိုင်ခဲ့သည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)

▪️လက်နက်ခဲယမ်းများစွာ KNDF သိမ်းဆည်းရမိဟု ပြော

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများစွာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သိမ်းဆည်းရမိကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၄ ရက်)က ဖယ်ခုံ – ပင်လောင်းကြားရှိ မြောက်စလုံးရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“မြောက်စလုံးမှာ တပ်စွဲထားတဲ့ စကစကို ဝင်တိုက်တာ။(၆၀) မမ ရော၊ RPGရော စက်လက်ငယ် တွေအပါ ၁၀လက်ကျော်လောက်ရတယ်”ဟု ဖယ်ခုံမြို့စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

သို့သော် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကတော့ အခြေအနေကောင်းတယ်။လော လောဆယ် ကျွန်တော်တို့ဘက်က တရားဝင် မထုတ်ပြန်သေးဘူး။နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၁၄ ရက်မှ ၁၉ရက်အထိ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား ၅၀ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ကျော် KNDF က သိမ်းဆည်းရမိထားသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။