Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ဆောင်းဖွေးကျေးရွာရှိ ဆေးပေးခန်းမှာ ကျေးရွာဒေသခံလူထုများနှင့် စစ်ဘေးရှောင်အရပ်သားများအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု များပေးနေသည့် နေရာသာ ဖြစ်သည်။

(ဆောင်းဖွေးကျေးရွာနှင့် လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ဆောင်းဖွေးကျေးရွာနှင့် လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

▪️အရပ်သား သုံးဦးထိခိုက်၊ ဆေးပေးခန်းအဆောက်အဦး နှစ်လုံးပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များခိုလှုံသည့်နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ၂၅ရက်)က ဆောင်းဖွေးကျေးရွာနှင့် လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား နေ့လယ် ၁နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နေ့လည် ၁၂ နာရီ ၄၅မိနစ်လောက်ကနေ ၁နာရီခွဲလောက်အထိ လေယာဥ်တွေနဲ့ လေးကြိမ် လာပစ်တာ”ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိုသို့ လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည်မှာ မြေပြင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှာ သေဆုံးမှုများပြားနေခြင်းဟု ၎င်းက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ဆောင်းဖွေးကျေးရွာမှာ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမဟုတ်ဘဲ ဒေသခံရွာသားများအပြင် စစ်ဘေးရှောင်အရပ်သားများ ခိုလှုံနေထိုင်ကြသည့် နေရာသာ ဖြစ်သည်။

စစ်ကောင်စီမှ အကြောင်းမဲ့ ဂျက်လေယာဥ်ဖြင့် လာရောက်၍ ဗုံးကြဲ၊ ပစ်ခက်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာအသက်အန္တရာယ် စိုးရိမ်ရသည့် အခြေနေရှိပြီး ဆေးပေးခန်း အဆောက်အဦး (၂)လုံး ၊ ဆေးခန်းတွင်းရှိ ကုသရေးဆိုင်ရာဆေးပစ္စည်းများ ၊ ဆိုင်ကယ်နှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဆောင်းဖွေးကျေးရွာရှိ ဆေးပေးခန်းမှာ ကျေးရွာဒေသခံလူထုများနှင့် စစ်ဘေးရှောင်အရပ်သားများအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု များပေးနေသည့် နေရာသာ ဖြစ်သည်။

ထို့အတူ ဧပြီ ၂၃ရက် ညပိုင်းအချိန်တွင်လည်း ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချသွားပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် တိုက်ပွဲများအတွင်း နေ့စဥ်နီးပါး လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများရှိနေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများသာ နေထိုင်ခိုလှုံနေကြသည့် နေရာများကိုပါ ရန်သူသဖွယ် သတ်မှတ်ကာ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင်ကျူးလွန်လျှက်ရှိကြောင်း KNDFက အသိပေးသည်။

ယခုလ ၂၃ ရက်ကလည်း ရှမ်း – ကယား(ကရင်နီ) ဒေသအစပ် ဖယ်ခုံမြို့နယ် မြောက်စလုံးရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများစွာ KNDF က သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။