Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က ငါးရက်အတွင်းကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီး

ယမန်နေ့ (ဧပြီ ၂၄ ရက်) နေ့လည် ၂နာရီခွဲခန့်က ဒီပဲယင်းကွဲကျေးရွာမှ အသက်(၄၄)နှစ်အရွယ် ကိုထွန်းထွန်းဆိုသူအား စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သွားကြောင်း ဒေသခံများက ဆိုသည်။

(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️ဒေသခံအမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ် သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ငါးရက်အတွင်း ကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီးပြီး ဒေသခံအမျိုးသားတစ်ဦးအား သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းက ဧပြီ ၂၀ရက်မှ ၂၄ရက်အထိ ကျေးရွာများအား လှည့်လည်မီးရှို့ဖျက်ဆီးခဲ့ရာ အင်းစရွာမှ နေအိမ် ၂၈၈ လုံး၊ တောင်ကြားရွာမှ နေအိမ် ၁၀လုံး၊ မူးသာရွာမှ နေအိမ် ၄၉ လုံး၊ တောင်မြို့ရွာမှ နေအိမ် ၁၆လုံး၊ ရွာသစ်ရွာမှ နေအိမ် ၃၇လုံး၊ ရွာထောင်ရွာမှ နေအိမ် ၅လုံး၊ ဒီပဲယင်းကွဲရွာမှ နေအိမ် ၅၃လုံး စုစုပေါင်း နေအိမ် ၄၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထို့အပြင် အင်းစရွာရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဒီပဲယင်းကွဲရွာမှ ဓမ္မာရုံ တစ်လုံးတို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်။

ယမန်နေ့ (ဧပြီ ၂၄ ရက်) နေ့လည် ၂နာရီခွဲခန့်က ဒီပဲယင်းကွဲကျေးရွာမှ အသက်(၄၄)နှစ်အရွယ် ကိုထွန်းထွန်းဆိုသူအား စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သွားကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သားများက ကိုထွန်းထွန်းအား ဒီပဲယင်းကွဲနှင့် အနီးဝန်းကျင်ရွာများမှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအကြောင်း မေးမြန်းရာ ဖြေကြားနိုင်ခြင်းမရှိသဖြင့် တိုက်အိမ်တစ်လုံးအတွင်း ခေါ်ဆောင်၍ နှိပ်စက်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်သည် အင်းစ၊ ရွာသစ်နှင့် မူးသာစသည့်ရွာများမှ ဒေသခံပြည်သူ ငါးဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဧပြီ ၂၂ ရက်က ဒီပဲယင်းကွဲကျေးရွာကို မီးရှို့ဖျက်ဆီးနေစဥ် ဒေသကာကွယ်ရေးအဖွဲများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDFအဖွဲ့များက ပြောသည်။

(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မူးသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“နေ့လယ် ၁ နာရီကျော်မှာ တိုက်ပွဲဖြစ်တယ်။ အခြားအဖွဲ့တွေနဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့တိုက်ပြီး စစ်ဦးချိုးခဲ့တာ သေဆုံးနဲ့ဒဏ်ရာရတာ အကောင် ၅၇ကောင်လောက်ရှိတယ်လို့သတင်းရတယ်”ဟု တိုက်နယ်စွန်PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဧပြီ ၂၄ ရက်)ကလည်း စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ထိတွေ့ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သည် ခြေတော်ရာ အမြောက်တပ်ဘက်သို့ ဦးတည်ထွက်သွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။