Connect with us

Hi, what are you looking for?

သတင်း

လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဆောင်းဖွေးရွာဆေးရုံ၌ ကျန်ရစ်ခဲ့သည့် သုံးရက်သားကလေးငယ် အား အသက်ရှင်လျက် ကယ်ဆယ်နိုင်

လက်ရှိတွင် အဆိုပါကလေးငယ်ကို Kayan Rescue Committee-KRCက စောင့်ရှောက်ထားကာ မိသားစုဝင်များကို လိုက်လံစုံစမ်းနေဆဲ ဖြစ်သည်။

(ကယ်ဆယ်နိုင်ခဲ့သည့် ကလေးငယ်အား တွေ့ရစဥ် ။ဓာတ်ပုံ - Khon Yar Zar Maung)
(ကယ်ဆယ်နိုင်ခဲ့သည့် ကလေးငယ်အား တွေ့ရစဥ် ။ဓာတ်ပုံ - Khon Yar Zar Maung)

စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဆောင်းဖွေးကျေးရွာဆေးရုံ၌ ကျန်ရစ်ခဲ့သည့် သုံးရက်သား ကလေးငယ်တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကရင်နီလူမှုကူညီရေးအဖွဲ့ဝင်များက ပြောသည်။

ယမန်နေ့ (ဧပြီ၂၅ရက်) နေ့လည်ပိုင်းက ဆောင်းဖွေးကျေးရွာနှင့် လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား စစ်ကောင်စီက လေယာဥ်များဖြင့် လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဗုံးကြဲတာ နေ့လည် ၁၂ နာရီ ၄၅ မိနစ်လောက်ကနေ ၁ နာရီခွဲလောက်အထိ။အဲဒီနောက်ပိုင်း ဆေးပေးခန်းထဲကို ပြည်သူတစ်ဦးက အရဲစွန့်ပြီး ဝင်ရှာတဲ့အချိန် ဖန်လုံအိမ်ထဲမှာ သုံးရက်သား ယောကျာ်းလေးတစ်ဦးကိုတွေ့ပြီး ကယ်နိုင်ခဲ့တာ”ဟု ကရင်နီလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် အဆိုပါကလေးငယ်ကို Kayan Rescue Committee-KRCက စောင့်ရှောက်ထားကာ မိသားစုဝင်များကို လိုက်လံစုံစမ်းနေဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဆောင်းဖွေးကျေးရွာရှိ ဒေသခံများနှင့် စစ်ဘေးရှောင် အရပ်သားများ ခိုလှုံသည့်နေရာကို စစ်ရေးပစ်မှတ်အဖြစ် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု KNDFက ဆိုသည်။

စစ်ကောင်စီမှ အကြောင်းမဲ့ ဂျက်လေယာဥ်ဖြင့် လာရောက်၍ ဗုံးကြဲ ပစ်ခက်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာအသက်အန္တရာယ် စိုးရိမ်ရသည့် အခြေနေရှိပြီး ဆေးပေးခန်း အဆောက်အဦး (၂)လုံး ၊ ဆေးခန်းတွင်းရှိ ကုသရေးဆိုင်ရာ ဆေးပစ္စည်းများ ၊ ဆိုင်ကယ် နှင့်ကားအချို့ထိခိုက်ပျက်စီးခဲ့သည်။

ဆောင်းဖွေးကျေးရွာရှိ ဆေးပေးခန်းမှာ ကျေးရွာဒေသခံလူထုများနှင့် စစ်ဘေးရှောင်အရပ်သားများအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု များပေးနေသည့် နေရာသာဖြစ်သည်။

ထို့အတူ ဧပြီ ၂၃ရက် ညပိုင်းအချိန်တွင်လည်း ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာ အနီးသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချသွားပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးထားသည်။

စစ်ကောင်စီသည် တိုက်ပွဲများအတွင်း နေ့စဥ်နီးပါး လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများရှိနေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများသာ နေထိုင်ခိုလှုံကြရသည့် နေရာများကိုပါ ရန်သူသဖွယ် သတ်မှတ်ကာ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ရာဇဝတ်မှု့များကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လျှက်ရှိကြောင်း KNDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။