Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး ထိပ်စီးစပြောင်း

ဒီနေ့ မွန်းလွဲပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၃,၀၀၃,၀၀၀ ဖြစ်သွားတာလို့ ဈေးကွက်ထဲ ရွှေသွားဝယ်သူတစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ − YGEA
ဓာတ်ပုံ − YGEA

ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေ ဈေးနှုန်းဟာ ဒီနေ့မှာ ထိပ်စီးပြောင်းသွားပြီး တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်သွားပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၃,၀၀၃,၀၀၀ ဖြစ်သွားတာလို့ ဈေးကွက်ထဲ ရွှေသွားဝယ်သူတစ်ဦးက ပြောပြပါတယ်။

မနေ့က ရွှေဈေးဟာ ကျပ် ၂,၉၉၀,၀၀၀ ဝန်းကျင်ရှိပြီး ဒီနေ့မှာ ကျပ် ၁၀,၀၀၀ ကျော် မြင့်တက်သွားတာပါ။

ဒီလို ရွှေဈေး ထိပ်စီးပြောင်းလာချိန်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်ရွှေအသင်းက ရွှေဆိုင် ၊ရွှေကုန်သည်တွေအနေနဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၉ သိန်းအောက်နဲ့သာအရောင်းအဝယ်လုပ်သင့်တယ်လို့ ပန်ကြားစာထုတ်လာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရွှေအသင်းက ဒီနေ့ နေ့ခင်းပိုင်း ရွှေဈေးပေါက်ဈေးဟာ တစ်ကျပ်သားကို ကျပ် ၂၃ သိန်းခွဲ ဖြစ်တယ်လို့ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး ထပ်တက်နေပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ကျော်လာတယ်လို့ ရွှေစျေးကွက်က စုံစမ်းသိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။