Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဈေးကျ​စေရန် စစ်ကောင်စီဗဟိုဘဏ်က အချက်အလက်အမှားဖြင့် ထိန်းချုပ်ရန်ကြိုးစားနေ

ကမ္ဘာ့ရွေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာပြီးနောက် စစ်ကောင်စီ၏ဗဟိုဘဏ်နှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့က​ရွှေ​ဈေးကျ​စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

(​ကမ္ဘာ့​ရွှေ​ဈေးသည် ၂၀၂၀ သြဂုတ်လကဖြစ်ခဲ့​သောအမြင့်ဆုံး​ဈေးနှုန်းထက်ပင်​ကျော်၍ စံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ဓါတ်ပုံ-AFP)
(​ကမ္ဘာ့​ရွှေ​ဈေးသည် ၂၀၂၀ သြဂုတ်လကဖြစ်ခဲ့​သောအမြင့်ဆုံး​ဈေးနှုန်းထက်ပင်​ကျော်၍ စံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ဓါတ်ပုံ-AFP)

▪︎ကမ္ဘ့ာ​ရွှေ​ဈေးတက်လာပြီး​နောက်ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သား ၂၉သိန်းခွဲအထိရှိလာ

▪︎ကမ္ဘာ​​ရွှေ​ဈေးစံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများခန့်မှန်းထား

ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉သိန်းခွဲအထိမြင့်တက်လာသဖြင့် စစ်ကောင်စီ၏ဗဟိုဘဏ်က အချက်အလက်မှားများထုတ်ပြန်၍ ​ရွှေ​ဈေးကျရန်ပြုလုပ်​နေနေကြောင်း ရွှေလုပ်ငန်းရှင်များက​ပြောသည်။

ကမ္ဘာ့ရွေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာပြီးနောက် စစ်ကောင်စီ၏ဗဟိုဘဏ်နှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့က​ရွှေ​ဈေးကျ​စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်ကောင်စီဗဟိုဘဏ်က မြန်မာ့ရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးကွက်မှတင်သွင်း၊တင်ပို့ရောင်းချခြင်းများမရှိသောကြောင့် ပြည်တွင်းရွှေဈေးကွက် အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှင့် ဆက်စပ်မှုမရှိကြောင်း မတ်၂၀ရက်က ဝါဒဖြန့်ထုတ်ပြန်ခဲ့သည်။ ထိုအပြင်လူမှုကွန်ယက်များတွင် ရွှေလုပ်ငန်းရှင်များထုတ်ပြန်သည့် ရွှေဈေးနှုန်းများသည်လည်း တရားမဝင်ကြောင်းလည်း စစ်ကောင်စီဗဟိုဘဏ်ကဆိုသည်။

ရွှေဈေးမြင့်တက်လာခြင်းမှာ ကိုယ်ကျိုးအတ္တကြောင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ယက်၊အွန်လိုင်းနှင့်ကောလဟာလသတင်းများကို အသုံးပြုနေခြင်းဖြစ်သည်ဟုလည်းစစ်ကောင်စီဗဟိုဘဏ်က စွပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီညွန်ကြားချက်အတိုင်းလုပ်​ပေး​နေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း ကမ္ဘာရွှေဈေးနှင့် ပြည်တွင်း ချိတ်ဆက်မှုမရှိကြောင်းနှင့် မီဒီယာများတွင်ဖော်သည့် ဈေးနှုန်းများသည်လည်း တရားဝင်မှုမရှိကြောင်းထပ်ဆင့်ဝါဒဖြန့်ထုတ်ပြန်သည်။

“ကုန်ပစ္စည်းတစ်ခုက ကမ္ဘာဈေးကွက်မှာ ဒီဈေးပေါက်ရင် ပြည်တွင်းမှာလည်း ဒီဈေးနှုန်းဖြစ်ရမှာပေါ့။ ဒါက ဈေးကွက်သဘောအရဘဲလေ။ ဒါကို ပြည်တွင်းမှ ချိတ်ဆက်မရှိလို့ ဒီဈေးမရဘူးဆိုတာဈေးကွက်သဘောကို လိမ်လည်တာပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့​ရွှေ​ဈေးသည် အ​မေရီကန်နိုင်ငံမှ Silicon Valley ဘဏ်ပြိုလဲခြင်းနှင့် ဆွစ်ဇာလန်မှာ Credit Suisse ပြသာနာ​ကြောင့် အ​မေရီကန်​ဒေါ်လာနှင့် ​ဗဟိုဘဏ်ငွေတိုက်စာချုပ်တန်ဖိုးများကျဆင်း​နေပြီး​ရွှေ​ဈေးများဆက်တိုက်တက်​နေသည်။

ပြည်တွင်းရွှေဈေးကို ခေတ်အဆက်ဆက် ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်ခဲ့ကြခြင်းဖြစ်​ကြောင်းအခြားရွှေလုပ်ငန်းရှင်တစ်ဦး ကလည်းမှတ်ချက်ပေးသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက မတ် ၂၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၂၈၅,၅၀၀ ကျပ် သတ်မှတ်ထားသည်။ ပြင်ပပေါက်ဈေးတွင် ကျပ် ၂၉သိန်းခွဲဝန်းကျင်ရှိနေသည်။ ထို​ကြောင့် ပြင်ပ​ရောင်းဝယ်​​သော​ဈေးနှင့် ​ရွှေအသင်းသတ်မှတ်​သော​ဈေးမှာတစ်ကျပ်သားလျှင် ကျပ် ၇ သိန်းဝန်းကျင်​ဈေးကွာဟ​နေသည်။

ပြည်တွင်းရွှေဈေးသည် မတ် ၁ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈သိန်းခွဲရှိခဲ့သည်။ ကမ္ဘာ့ဈေးမှာ မတ် ၁ ရက်က တစ်အောင်စကို ဒေါ်လာ ၁၈၄၀ရှိပြီး မတ် ၂၂ ရက်တွင် တစ်အောင်စကို ဒေါ်လာ ၁၉၄၁ ရှိ​နေသည်။

ကမ္ဘာ့​ရွှေ​ဈေးမှာဆက်လက်တက်နိုင်ပြီး သမိုင်းတစ်​လျှောက်အမြင့်​ဆုံး​ဈေးဖြစ်​သော ၂၀၂၀ သြဂုတ်လတွင် ၁ ​အောင်စလျှင် ၂၀၇၅ ​ဒေါ်လာကို​ကျော်ဖြတ်ပြီး ​ရွှေ ၁ ​အောင်စလျှင်​ဒေါ်လာ ၂၆၀၀ အထိစံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထား​ကြောင်း CNBC သတင်းဌာနက​ဖော်ပြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။