Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးကျ​စေရန် စစ်ကောင်စီဗဟိုဘဏ်က အချက်အလက်အမှားဖြင့် ထိန်းချုပ်ရန်ကြိုးစားနေ

ကမ္ဘာ့ရွေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာပြီးနောက် စစ်ကောင်စီ၏ဗဟိုဘဏ်နှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့က​ရွှေ​ဈေးကျ​စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

(​ကမ္ဘာ့​ရွှေ​ဈေးသည် ၂၀၂၀ သြဂုတ်လကဖြစ်ခဲ့​သောအမြင့်ဆုံး​ဈေးနှုန်းထက်ပင်​ကျော်၍ စံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ဓါတ်ပုံ-AFP)
(​ကမ္ဘာ့​ရွှေ​ဈေးသည် ၂၀၂၀ သြဂုတ်လကဖြစ်ခဲ့​သောအမြင့်ဆုံး​ဈေးနှုန်းထက်ပင်​ကျော်၍ စံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ဓါတ်ပုံ-AFP)

▪︎ကမ္ဘ့ာ​ရွှေ​ဈေးတက်လာပြီး​နောက်ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သား ၂၉သိန်းခွဲအထိရှိလာ

▪︎ကမ္ဘာ​​ရွှေ​ဈေးစံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများခန့်မှန်းထား

ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉သိန်းခွဲအထိမြင့်တက်လာသဖြင့် စစ်ကောင်စီ၏ဗဟိုဘဏ်က အချက်အလက်မှားများထုတ်ပြန်၍ ​ရွှေ​ဈေးကျရန်ပြုလုပ်​နေနေကြောင်း ရွှေလုပ်ငန်းရှင်များက​ပြောသည်။

ကမ္ဘာ့ရွေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာပြီးနောက် စစ်ကောင်စီ၏ဗဟိုဘဏ်နှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့က​ရွှေ​ဈေးကျ​စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်ကောင်စီဗဟိုဘဏ်က မြန်မာ့ရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးကွက်မှတင်သွင်း၊တင်ပို့ရောင်းချခြင်းများမရှိသောကြောင့် ပြည်တွင်းရွှေဈေးကွက် အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှင့် ဆက်စပ်မှုမရှိကြောင်း မတ်၂၀ရက်က ဝါဒဖြန့်ထုတ်ပြန်ခဲ့သည်။ ထိုအပြင်လူမှုကွန်ယက်များတွင် ရွှေလုပ်ငန်းရှင်များထုတ်ပြန်သည့် ရွှေဈေးနှုန်းများသည်လည်း တရားမဝင်ကြောင်းလည်း စစ်ကောင်စီဗဟိုဘဏ်ကဆိုသည်။

ရွှေဈေးမြင့်တက်လာခြင်းမှာ ကိုယ်ကျိုးအတ္တကြောင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ယက်၊အွန်လိုင်းနှင့်ကောလဟာလသတင်းများကို အသုံးပြုနေခြင်းဖြစ်သည်ဟုလည်းစစ်ကောင်စီဗဟိုဘဏ်က စွပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီညွန်ကြားချက်အတိုင်းလုပ်​ပေး​နေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း ကမ္ဘာရွှေဈေးနှင့် ပြည်တွင်း ချိတ်ဆက်မှုမရှိကြောင်းနှင့် မီဒီယာများတွင်ဖော်သည့် ဈေးနှုန်းများသည်လည်း တရားဝင်မှုမရှိကြောင်းထပ်ဆင့်ဝါဒဖြန့်ထုတ်ပြန်သည်။

“ကုန်ပစ္စည်းတစ်ခုက ကမ္ဘာဈေးကွက်မှာ ဒီဈေးပေါက်ရင် ပြည်တွင်းမှာလည်း ဒီဈေးနှုန်းဖြစ်ရမှာပေါ့။ ဒါက ဈေးကွက်သဘောအရဘဲလေ။ ဒါကို ပြည်တွင်းမှ ချိတ်ဆက်မရှိလို့ ဒီဈေးမရဘူးဆိုတာဈေးကွက်သဘောကို လိမ်လည်တာပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့​ရွှေ​ဈေးသည် အ​မေရီကန်နိုင်ငံမှ Silicon Valley ဘဏ်ပြိုလဲခြင်းနှင့် ဆွစ်ဇာလန်မှာ Credit Suisse ပြသာနာ​ကြောင့် အ​မေရီကန်​ဒေါ်လာနှင့် ​ဗဟိုဘဏ်ငွေတိုက်စာချုပ်တန်ဖိုးများကျဆင်း​နေပြီး​ရွှေ​ဈေးများဆက်တိုက်တက်​နေသည်။

ပြည်တွင်းရွှေဈေးကို ခေတ်အဆက်ဆက် ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်ခဲ့ကြခြင်းဖြစ်​ကြောင်းအခြားရွှေလုပ်ငန်းရှင်တစ်ဦး ကလည်းမှတ်ချက်ပေးသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက မတ် ၂၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၂၈၅,၅၀၀ ကျပ် သတ်မှတ်ထားသည်။ ပြင်ပပေါက်ဈေးတွင် ကျပ် ၂၉သိန်းခွဲဝန်းကျင်ရှိနေသည်။ ထို​ကြောင့် ပြင်ပ​ရောင်းဝယ်​​သော​ဈေးနှင့် ​ရွှေအသင်းသတ်မှတ်​သော​ဈေးမှာတစ်ကျပ်သားလျှင် ကျပ် ၇ သိန်းဝန်းကျင်​ဈေးကွာဟ​နေသည်။

ပြည်တွင်းရွှေဈေးသည် မတ် ၁ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈သိန်းခွဲရှိခဲ့သည်။ ကမ္ဘာ့ဈေးမှာ မတ် ၁ ရက်က တစ်အောင်စကို ဒေါ်လာ ၁၈၄၀ရှိပြီး မတ် ၂၂ ရက်တွင် တစ်အောင်စကို ဒေါ်လာ ၁၉၄၁ ရှိ​နေသည်။

ကမ္ဘာ့​ရွှေ​ဈေးမှာဆက်လက်တက်နိုင်ပြီး သမိုင်းတစ်​လျှောက်အမြင့်​ဆုံး​ဈေးဖြစ်​သော ၂၀၂၀ သြဂုတ်လတွင် ၁ ​အောင်စလျှင် ၂၀၇၅ ​ဒေါ်လာကို​ကျော်ဖြတ်ပြီး ​ရွှေ ၁ ​အောင်စလျှင်​ဒေါ်လာ ၂၆၀၀ အထိစံချိန်တင်မြင့်တက်နိုင်​ကြောင်း​ဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထား​ကြောင်း CNBC သတင်းဌာနက​ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။