Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပြည်ကြီးတံခွန် စက်မှု ၁ ဈေးရှေ့ ရွှေဆိုင် ဓားပြတိုက်ခံရ

အဲဒီရွှေဆိုင်ဟာ ၆၂ လမ်း ၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြားမှာရှိပြီး ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၂ဦး သေနတ်အတိုနဲ့ ဓားပြဝင်တိုက်သွားတာလို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင် (ပုံဟောင်း)
ဓားပြတိုက်ခံရတဲ့ ရွှေဆိုင် (ပုံဟောင်း)

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု ၁ ဈေးရှေ့မှာရှိတဲ့ ထက်ဝေယံ ရွှေဆိုင်ဟာ ဒီနေ့ နေ့လယ်က ဓားပြတိုက်ခံလိုက်ရတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

အဲဒီရွှေဆိုင်ဟာ ၆၂ လမ်း ၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြားမှာရှိပြီး ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၂ဦး သေနတ်အတိုနဲ့ ဓားပြဝင်တိုက်သွားတာလို့ သိရပါတယ်။

“သေနတ်သံတော့ကြားတယ်၊ ဘယ်သူမှဝင်မပါရဲကြဘူး”လို့ စက်မှု ၁ ဈေးမှာ ဆိုင်ဖွင့်ထားတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးက ပြောပြပါတယ်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုရဲ့ တယ်လီဂရမ်တွေမှာတော့ ဓားပြတိုက်သူ ၂ ဦးဟာ ဆိုင်အတွင်းနံရံ ကို သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး ပါလာတဲ့ ဓားနဲ့ မှန်ဘောင်တွေကို ရိုက်ခွဲကာ ရွှေထည်တွေ ယူသွားတယ်လို့ သတင်းဖြန့်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုစာရင်းအရ ရွှေဆွဲကြိုး ၁၈ ကုံး ၊ရွှေနားကပ်အရေအတွက် ၃၈၀ ၊ နားဆွဲ ၉၀ ပါသွားပြီး ကာလတန်ကြေး ကျပ်သိန်း. ၂,၅၀၀ ကျော်ဖိုး ရှိတယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ ၉ ရက်ကပဲ ပြည်ကြီးတံခွန် စက်မှု ၁ ဈေးရှေ့က ထိပ်တန်း ရွှေဆိုင်လည်း ဓားပြတိုက်ခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။