Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသား ၂၃ ဦး ဖမ်းခံရ

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင်လုပ်သားတွေ လုပ်ကိုင်နေတယ်လို့ဆိုတဲ့တိုင်တန်းချက်အရ ထိုင်း ရဲက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်စီးတာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်
ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဘန်ကောက်ကနေ ၁၂ မိုင်ခန့်အကွာ စမွန်ပရကန်ခရိုင် ၊ ဘန်ဖလီနယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ထိုင်းရဲက ဝင်ရောက်စီးနင်းရာမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ဦး ကို တရုတ်နိုင်ငံသား ကြီးကြပ်သူနဲ့အတူ ဖမ်းမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင်လုပ်သားတွေ လုပ်ကိုင်နေတယ်လို့ဆိုတဲ့တိုင်တန်းချက်အရ ထိုင်း ရဲက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်စီးတာပါ။

စီးနင်းမှုမှာ အလုပ်သမားအများအပြားထွက်ပြေးခဲ့ကြပေမယ့် မြန်မာလုပ်သား ၂၃ ဦးနဲ့ တရုတ်နိုင်ငံသားအလုပ်ကြပ် တို့ဖမ်းခံရတာဖြစ်တယ်လို့ဘန်ကောက်ပို့စ်က ဆိုပါတယ်။

မြန်မာလုပ်သားတွေဟာ အလုပ်လုပ်ခွင့် အထောက်အထားတွေ မရှိဘူးလို့ ထိုင်းလဝက ရဲ့ ပြောဆိုချက်ကို ကိုးကားပြီးဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရုတ်နွယ်ဖွားအမျိုးသား ကို မင်္သကာလို့ ထိုင်းရဲက စစ်ဆေးရာမှာ အဲဒီအမျိုးသားဟာ အလည်အပတ် ဗီဇာနဲ့ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားဖြစ်နေတာ ပေါ်ပေါက်ခဲ့ပါတယ်။

စစ်ဆေးမှုအတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင့်မှာ ခွင့်ပြုချက်မရှိဘဲ အလုပ်သမားကြီးကြပ်သူအဖြစ် လုပ်ကိုင်နေတယ်ဆိုတာကို ပါ တရုတ်နိုင်ငံသားက ဝန်ခံခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

အဲဒီ အလုပ်ကြပ် တရုတ်နိုင်ငံသားနဲ့မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းရဲက ဖမ်းဆီးထား ပြည်နှင်ဒဏ်ပေးဖို့ရှိနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။