Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် ပျုခေါင်းဆောင်တစ်ဦးက အရပ်သားဇနီးမောင်နှံအား သတ်ဖြတ်

တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်တွင် နေထိုင်သော လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးအား ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဧပြီ ၂၆ရက်တွင် သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(ပျုစောထီးခေါင်းဆောင် ချမ်းမြေ့အား တွေ့ရစဥ်)
(ပျုစောထီးခေါင်းဆောင် ချမ်းမြေ့အား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူးမြို့မှ ပျုစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဒေသခံပြည်သူနှစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်တွင် နေထိုင်သော လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးအား ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဧပြီ ၂၆ရက်တွင် သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

” မုန့်လုပ်ရောင်းနေတဲ့ လင်မယားကို ချမ်းမြေ့တို့အုပ်စုကသတ်သွားတာ။ ကောင်မလေးနာမည်က ဥမ္မာဝင်း။ ချမ်းမြေ့က စစ်တပ်လုံခြုံရေးယူပြီး ထင်တိုင်းကြဲနေတာ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ချမ်းမြေ့သည် တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်တွင်နေထိုင်ပြီး အဆိုပါ ရပ်ကွက်၏ ပျူစောထီးခေါင်းဆောင်အဖြစ် စစ်ကောင်စီနှင့် ပူးပေါင်းနေသူဖြစ်သည်။ ၎င်းဦးဆောင်သည့် ပျူစောထီးအဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသည့် ဒေသခံပြည်သူငါးဦးထက်မနည်းကို သတ်ဖြတ်ထားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၂၄ရက်က ငွေလဲလုပ်ငန်းလုပ်ဆောင်သော ကိုရာဂျူးဆိုသူကို တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်အတွင်း ချမ်းမြေ့ဦးဆောင်သောအဖွဲ့က သတ်ဖြတ်ပြီး ငွေသိန်းတစ်ရာကျော်၊ ဖုန်းနှင့်ဆိုင်ကယ်ကို လုယက်ယူဆောင်သွားသည်ဟု ဒေသခံများက‌ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။