Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီတပ်ဖွဲ့ ( SNA )က ရှမ်းနီလူငယ်သုံးဦးကိုသေနတ်ဖြင့်ပစ်၊ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရရှိ

ဟုမ္မလင်းမြို့၊ နောင်ပိုအောင်ရွာအနီးတွင် ဧပြီလ ၂၉ရက်ညက ဆယ်ကျော်သက်လူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် SNA တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစိသည်ဟု သိရသည်။

(စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​သော ရှမ်းနီတပ်ဖွဲ့(SNA) မှ တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Shannivoice)
(စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​သော ရှမ်းနီတပ်ဖွဲ့(SNA) မှ တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Shannivoice)

ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီတိုင်းရင်းသားလူငယ်သုံးဦးကို စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ်ဖွဲ့ (SNA )က သေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။

ဟုမ္မလင်းမြို့၊ နောင်ပိုအောင်ရွာအနီးတွင် ဧပြီလ ၂၉ရက်ညက ဆယ်ကျော်သက်လူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် SNA တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစိသည်ဟု သိရသည်။

“သေသွားတဲ့ကလေးက ပြည်စိုးထွန်း။ နောက်ကျောကနေ ရင်ညွန့်အထိ ပေါက်ထွက်သွားတာ။အသက်က ၁၇ နှစ်။ ရှမ်းနီလူမျိုးပဲ။ ရှမ်းနီတပ်ဖွဲ့က ပြန်ပစ်သတ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြည်စိုးထွန်းအပါအဝင် လူငယ်သုံးဦးသည် ဆိုင်ငယ်တစ်စီးတည်းမောင်းနှင်လာစဉ် SNA တပ်ဖွဲ့၏ ပစ်ခတ်ခံရခြင်းဖြစ်သည်။ သုံးဦးစလုံးသည် ရှမ်းနီရွာဖြစ်သော မြောက်ရွာမှဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်နောက်ဆုံးတန်းမှ ပြည်စိုးထွန်းသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သေနတ်ကိုအော်တို အတွဲလိုက်ပစ်တာ။ ရှေ့က ကလေးနှစ်ယောက်လည်း ဒဏ်ရာရတယ်။ SNA က ကိုယ့်လူမျိုးချင်း သတ်ပစ်တာ”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

SNA သည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားသည့် အဖွဲ့ဟု ဒေသခံများကပြောသည်။ ထို့အပြင်စစ်ကောင်စီနှင့်ပူးပေါင်း၍ ဟုမ္မလင်းမြို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် ထိစပ်ဒေသများတွင် ​PDF များကိုတိုက်ခိုက်ခြင်း ၊ပြည်သူများကိုဖမ်းဆီး အကြမ်းဖက်ခြင်းများမကြာခဏပြုလုပ်နေ​ကြောင်း​ဒေသခံများက​ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနှင့်ဖောင်းပြင်နယ်စပ် ကျေးရွာများကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဖောင်းပြင် (ပ.က.ဖ) စ​သော​တော်လှန်​ရေးအင်အားစုများက ဧပြီ ၂၈ ရက်ကစစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နယ်​မြေရှင်းလင်း​ရေးပြုလုပ်​နေစဥ် ဧပြီ ၂၈ ရက်ကကင်းပတ်လာသောစစ်​ကောင်စီလက်​​အောက်ခံ ပျူစောထီး နှင့် ဌာနေအမျိုးသားတပ်ဖွဲ့ ဟု ယူဆရသူ (၁၀) ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ လက်လုပ်သေနတ် (၁၂ ဗို့) ခုနှစ်လက် သိမ်းဆည်းနိုင်ခဲ့ပြီး တချို့မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံခဲ့​ကြောင်းဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဧပြီ ၃၀ရက်တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၉ရက်က တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဝန်းရံပိတ်ဆို့ထားသော ဟုမ္မလင်းမြို့နယ်၊ ဝဲဟက်ကျေးရွာအားစစ်ကောင်စီက လေကြောင်းမှလာရောက်ပစ်ခတ်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဟုမ္မလင်း-ဖောင်းပြင် အစပ်ရှိ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများတွင် စစ်‌ရေးတင်းမာနေသည်ဟုဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။