Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကိုPDF များတိုက်ခိုက်သိမ်းပိုက်

ဟုမ္မလင်းမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် SNA ပြည်သူစစ်တပ်ဖွဲ့များကို PDF များက KIA နှင့်ပူး​ပေါင်း၍ မကြာခဏတိုက်ခိုက်သည်။

(ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ်။ဓါတ်ပုံ-HPDF124)
(ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ်။ဓါတ်ပုံ-HPDF124)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့​သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

” ရဲစခန်း ၄ ခုစလုံးကိုသိမ်းလိုက်နိုင်တယ်။ စစ်တပ်ဘက်က အထိအခိုက်ကိုတော့ သတင်းမရသေးဘူး။ ကိုယ့်ကလေးတွေတော့ တစ်ယောက်မှ အထိအခိုက်မရှိခဲ့ဘူး”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

ဟုမ္မလင်းမြို့နယ် ဝဲဟက်နယ်မြေရဲကင်းနှင့်အောင်သာယာ၊ အောင်စည်သာ၊ ထိန်းကူး ရဲကင်းစခန်းများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကဧပြီ ၂၉ ရက်နေ့ နံနက် ငါးနာရီခန့်တွင် တပြိုင်နက် တ်ုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာတစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း မြေပြင်တိုက်ပွဲဝင်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့​သောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လည်း​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ဖောင်းပြင်မြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်‌ရေးမဟာမိတ်တပ်ဖွဲ့က နှစ်ရက်ဆက်တိုက်ခိုက်ခဲ့​ပျူစောထီး (၇) ဦးထက်မနည်းသေပြီး စစ်ကောင်စီကလေကြောင်းမှလာရောက်ပစ်ခတ်ခဲ့ကြောင်း​​ဒေသခံကာကွယ်​ရေးအဖွဲ့အချို့က​ပြောသည်။

ဖောင်းပြင်မြို့နယ် ၊ဆယ်ချောင်းရွာရှိ ပျူစောထီး စခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ပူးပေါင်းမဟာမိတ်များက ဧပြီ ၂၈ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခုနှစ် ဦးထက်မနည်းသေဆုံးပြီး သေနတ် ငါးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင်ယနေ့( ဧပြီလ ၂၉ ရက်)နံနက်၅နာရီခန့်တွင်လည်းဟုမ္မလင်းနှင့်ဖောင်းပြင်နယ်စပ်ရှိ ပျူစောထီးများ တပ်စွဲထားသော စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကထပ်မံ တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဟုမ္မလင်းမြို့နယ် ၊​ရွှေပြည်​အေးမြို့သစ်ကို ပြည်သူ့ကာကွယွ​ရေးတပ်ဖွဲ့များက ယခုနှစ် ​ဖေ​​ဖော်ဝါရီ ၁ ရက်တွင် မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့သည်။ စစ်တပ်နှင့် ရှမ်းနီတပ်များ အထိနာပြီး စစ်တပ်က​လေ​ကြောင်းမှ အကြိမ်ကြိမ်လာ​ရောက်စစ်ကူ​ပေးခဲ့သည်။စစ်တပ်က အင်အား ရာနှင့်ချီ၍ ​ရွှေပြည်​အေးမြို့ကို ထိုးစစ်ဆင်ပြီး ​ဖေ​ဖော်ဝါရီ ဒုတိယပါတ်မှ မြို့ကို ပြန်ထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် SNA ပြည်သူစစ်တပ်ဖွဲ့များကို PDF များက KIA နှင့်ပူး​ပေါင်း၍ မကြာခဏတိုက်ခိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။