Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နယ် ဧပြီတိုက်ပွဲ စစ်ကောင်စီတပ် ၂၆ဦးထက်မနည်းသေဆုံးဟု CDF အသိပေး

စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ၊ ဘာသာရေးအဆောက်အဦး ၊ စာသင်ကျောင်းများ ပျက်စီးခဲ့ရကြောင်းအသိပေးထားသည်။

(စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်ပြီးရာတွင် တွေ့ရသော လေယာဥ်ဗုံး ကျည်ခွံ အပိုင်းအစများ။ ဓာတ်ပုံ - Chin Defence Force - Mindat)
(စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်ပြီးရာတွင် တွေ့ရသော လေယာဥ်ဗုံး ကျည်ခွံ အပိုင်းအစများ။ ဓာတ်ပုံ - Chin Defence Force - Mindat)

▪️လေကြောင်းတိုက်ခိုက်မှု ၁၉ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား သုံးဦးသေ၊ ၉ဦး ဒဏ်ရာရ

မင်းတပ်မြို့နယ်နှင့် ဆက်စပ်ဒေသများတွင် ဧပြီအတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၂၆ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဧပြီအတွင်းက မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂)၊ မင်းတပ် – မတူပီလမ်း ၉မိုင်၊ မင်းတပ် – ကျောက်ထု လမ်း၊ မင်းတပ်မြို့အနီး (၄)မိုင်နှင့် ကန်ပက်လက်လမ်းခွဲ နေရာတို့၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများ၌ မင်းတပ် CDFနှင့်အတူ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဧပြီ ၇ရက်က မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂)တွင် စစ်ကောင်စီတပ်ကို CDFနှင့် ယောပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းတိုက်ပွဲ၌ ပူးပေါင်းတပ်မှ ရဲဘော် တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်ပြီးရာတွင် တွေ့ရသော လေယာဥ်ဗုံး ကျည်ခွံ အပိုင်းအစများ။ ဓာတ်ပုံ - Chin Defence Force - Mindat)
(စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်ပြီးရာတွင် တွေ့ရသော လေယာဥ်ဗုံး ကျည်ခွံ အပိုင်းအစများ။ ဓာတ်ပုံ – Chin Defence Force – Mindat)

ထို့ပြင် ဧပြီ ၉ရက် မတူပီ – မင်းတပ် (၉)မိုင်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ဧပြီ ၂၃ရက် မင်းတပ် -ကျောက်ထုလမ်း တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၇ဦးထက်မနည်းသေဆုံးကာ လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဧပြီ ၂၄ရက်တွင်လည်း မင်းတပ်မြို့အနီး (၄)မိုင်၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဧပြီ ၂၆ရက် နံနက်တွင်လည်း ကန်ပက်လက်လမ်းခွဲ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကလည်း ဧပြီအတွင်း မင်းတပ်မြို့နယ်သို့ လေကြောင်းတိုက်ခိုက်မှု ၁၉ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဖော်ပြသည်။ ဧပြီ ၁၆ရက် ပန်းပါရွာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သား သုံးဦးသေဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်ပြီးရာတွင် တွေ့ရသော လေယာဥ်ဗုံး ကျည်ခွံ အပိုင်းအစများ။ ဓာတ်ပုံ - Chin Defence Force - Mindat)
(စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်ပြီးရာတွင် တွေ့ရသော လေယာဥ်ဗုံး ကျည်ခွံ အပိုင်းအစများ။ ဓာတ်ပုံ – Chin Defence Force – Mindat)

“တစ်နိုင်ငံလုံးအနှံ့အပြားကို သူတို့ကလေကြောင်းကနေပဲ အဓိကတိုက်ခိုက်နေတယ်ပေါ့။ အဲဒီတော့ လေကြောင်းက အဓိက တိုက်ခိုက်တာဆိုတော့ အထိအခိုက်အကျအဆုံးတွေရှိတယ်။ မကြာခင်ကပဲ ဖြစ်ပျက်သွားတဲ့ ကန့်ဘလူ ပဇီကြီးရွာ ဖြစ်ရပ်မျိုးဆိုရင်များစွာယူကြုံးမရဖြစ်ရတယ်။ ဒါပေမဲ့တစ်ခုစဉ်းစားရမှာက ထိုးစစ်ဆင်မှု အရမ်းနည်းလာပြီး ဝေဟင်ကိုအရမ်းသုံးလာပြီဆိုရင် ရန်သူက တဖြည်းဖြည်း အားနည်းလာတယ်ဆိုတာ ကြည့်လို့ရတယ်။ ရန်သူက မြေပြင်မှာ မရတဲ့အတွက် နောက်ဆုံးသူတို့ လက်နက်က ဝေဟင်ပဲရှိတော့တယ်။ ဝေဟင်ကို အသုံးပြုပြီး တိုက်ခိုက်လာပြီဆိုရင် ဒါက ရန်သူရဲ့ နောက်ဆုံးလက်နက်ထုတ်သုံးတာပေါ့”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က People’s spring သို့ ပြောထားသည်။

ဆလိုင်းဟာအွမ်ကက ဆက်လက်ပြီး”ဒီဟာကို ကျနော်တို့ ပြည်သူတွေရော ကာကွယ်ရေးတပ်ဖွဲ့တွေရော စည်းစည်းလုံးလုံးနဲ့ပိုပြီး ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာ ပြိုင်တူတွန်းမှ ရွေ့မှ အရွေ့ဖြစ်တဲ့အတွက် ပူးပေါင်းပြီး အတိုင်းအတာ တစ်ခုအထိ တောင့်ခံမယ်ဆိုရင် အောင်မြင်မှုက မဝေးတော့ဘူးလို့ ကျနော်အမြင်အရ သုံးသပ်တာပေါ့။”ဟု ပြောသည်။

စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ၊ ဘာသာရေးအဆောက်အဦး ၊ စာသင်ကျောင်းများ ပျက်စီးခဲ့ရကြောင်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။