Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်မြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်တပ်ကလေကြောင်းမှတိုက်ခိုက်၍ ပြည်သူအနည်းဆုံး ၃ ဦး​သေ

ယနေ့(မေ ၂)ညနေ ၆ နာရီ၀န်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှစ်စင်းသည် ဘုမ္မတီး​ကျေးရွာအုပ်စု ကျွဲလမ်း​ကျေးရွာနှင့် သရက်တန်းရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်စ်သည်ဟု ဒေသခံများက ပြောသည်။

(စစ်တပ်မှ တိုက်​လေယာဥ်တစ်စီး ထန်းတပင်မြို့နယ်တွင်ယ​နေ့ ပျံသန်း​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ်မှ တိုက်​လေယာဥ်တစ်စီး ထန်းတပင်မြို့နယ်တွင်ယ​နေ့ ပျံသန်း​နေစဥ်။ဓါတ်ပုံ-CJ)

တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းမှ ဘုမ္မတီးနှင့်သရင်တန်းကျေးရွာအုပ်စုများအား တောင်ငူလေတပ်စခန်းမှ တိုက်လေယာဉ်နှစ်စင်းဖြင့် ယနေ့ညနေပိုင်းတွင် လာရောက်ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံးပြည်သူ သုံးဦး​သေဆုံးပြီးဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့(မေ ၂)ညနေ ၆ နာရီ၀န်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှစ်စင်းသည် ဘုမ္မတီး​ကျေးရွာအုပ်စု ကျွဲလမ်း​ကျေးရွာနှင့် သရက်တန်းရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်စ်သည်ဟု ဒေသခံများက ပြောသည်။

“သေကုန်ပြီဗျာ။ ၀မ်းကွဲညီမလေးပါ ပါသွားတယ်”ဟု ထန်းတပင်မြို့နယ်မျ ဒေသခံပြည်သူတစ်ဦးက လေ ကြောင်းပစ်ခံရမှုအခြေအနေအား ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကျဲခြင်း၊ ​သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကျွဲလမ်းနှင့် သရက်တန်းကျေးရွာများမှ ပြည်သူအနည်းဆုံးသုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အမျိုးသမီးတစ်ဦး ဦးခေါင်းတခြား ကိုယ်တခြားဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။ သို့​သော်လည်း ထိခိုက်သေဆုံးမှုစာရင်းအား People’s Spring က ဆက် လက်စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

“အဖြစ်တွေဆိုးလိုက်တာဟယ်ငါတိုအမျိုးတွေ၃ယောက် တောင်သေရတယ်လိုဟယ်။ နောင်ဘဝတွေရှိခဲ့ရင်အခုလိုအဖြစ်ဆိုးတွေနဲမကြုံကြပါစေနဲ့,” ဘုမ္မတီ​ကျေးရွာမှ ​သေဆုံးသူများ၏ ​မိသားစုဝင်တစ်ဦးက ​ဖေရ်ဘွခ်တွင်​ရေးသားထားသည်။

လေကြောင်းမှ ပစ်ခံရ၍ ဦးခေါင်းပြတ်ထွက်သွားသည်ဆိုသော အမျိုးသမီးမှာ နေအိမ်၌ ရေချိုးနေစဉ် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ၎င်းထိခိုက်သေဆုံးရမှုအပေါ် ကာယကံရှင်နှင့် နီးစပ်သူများက အတည်ပြုသည်။

“အိမ်ကိုကျတာဆုံးသွားတယ်”ဟု ​သေဆုံးခဲ့​သော အမျိုးသမီး၏ ညီမဖြစ်သူကလည်း ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

ကနဦးရရှိ​သောသတင်းအရ ​သေဆုံးသူများမှာ အသက် ၃၀ အရွယ် ကိုရဲစိုး​အောင် ၊ အသက် ၂၂ နှစ်အရွယ် မစုလှိုင်​အေး၊မလှလှခိုင် (အသက်မသိရ​သေး)တို့ဖြစ်သည်ဟု​ဒေသခံများ​ပြောသည်။ ။ အသက် ၁၂ နှစ်အရွယ် မမိုးအိသိမ့်လည်းဒဏ်ရခဲ့​​ကြောင်းကနဦးသတင်းရရှိသည်။ ​သေဆုံးဒဏ်ရရသူအ​​ရေအတွက်မှာယခုထက်လည်း ပိုများနိုင်ပါသည်။

ယနေ့တွင်လည်း ဝေဟင်မှ လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးရခြင်းအပေါ် ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ယောနသံဒရုန်းတပ်ဖွဲ့က အသိပေးထားသည်။

တောင်ငူခရိုင် ထန်းတပင်မြို့နယ်သည် ကရင်အမျိုး သားအစည်းအရုံး KNU တပ်မဟာ (၂)လှုပ်ရှားနယ် မြေတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဧပြီဒုတိယပတ်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားသုံးဦးသေဆုံးကာ သေနတ်အချို့ပါသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် စစ်ကောင်စီတပ်က ထန်းတပင်မြို့နယ်အ တွင်း လမ်းပိုင်းအချို့အား ပိတ်ဆို့ခဲ့သည့်အပြင် သပြေညွန့်စစ်တပ်စခန်းအတွင်းမှနေ၍ ဘုမ်မတီးကျေးရွာဘက် လက်နက်ကြီးများဖြင့် ၃ ရက်ခန့်ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။