Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျေးရွာအချို့အား တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းဟု ထန်းတပင် PDF ပြော

လေကြောင်းပစ်ခတ်မှုနှင့် မြေပြင်မှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာတို့မှ ကလေးသူငယ်တဦး အပါအဝင် အပစ်မဲ့ပြည်သူ‌ ‌ခြောက်ဦးထိမှန်ခဲ့ရာ ယင်းအနက် သုံးဦးသေဆုံးခဲ့ကြောင်း ထန်းတပင် PDF က အတည်ပြုသည်။

(စစ်​ကောင်စီတပ် တိုက်လေယာဥ်တစ်စီးကို ထန်တပင်မြို့နယ်​ကောင်ကံယံတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် တိုက်လေယာဥ်တစ်စီးကို ထန်တပင်မြို့နယ်​ကောင်ကံယံတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ကျေးရွာအချို့အား စစ်တပ်မှ တိုက် လေယာဉ်များအသုံးပြုပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းမှာ အကြောင်းမဲ့ပစ်ခတ်ခြင်းဖြစ် ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ မေ ၂ ရက်ညနေ ၆ နာရီ ၂၀ နှင့် ၂၄ မိနစ်တို့တွင် ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေ သ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား K8-W တိုက်လေယာဥ်နှစ်စီးဖြင့်ဗုံးကျဲခြင်းနှင့် မြေပြင်စစ်တပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အကြောင်းမဲ့ ပစ်ခက်တာပါ”ဟု အရပ်သားပြည်သူ များအား ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေ ကြောင်းမှ ပစ်ခတ်ခဲ့ခြင်းအပေါ် ထန်းတပင် PDF မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

လေကြောင်းပစ်ခတ်မှုနှင့် မြေပြင်မှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာတို့မှ ကလေးသူငယ်တဦး အပါအဝင် အပစ်မဲ့ပြည်သူ‌ ‌ခြောက်ဦးထိမှန်ခဲ့ရာ ယင်းအနက် သုံးဦးသေဆုံးခဲ့ကြောင်း ထန်းတပင် PDF က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ သေဆုံးပြည်သူသုံးဦးမှာ ကိုရဲစိုးအောင် (ဘ)ဦးစိုးထင်ကျော်- (၃၀)နှစ်၊ မစုလှိုင်အေး(ဘ)ဦးခင်မောင်ထွန်း – (၂၂)နှစ်၊ မလဲ့လဲ့ခိုင်(ဘ)ဦးမြင့်ဦး- (၃၀)နှစ်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူသုံးဦးမှာ

မောင်ထွန်းဝင်း(ဘ)ဦးစိုးထင်ကျော်-(၂၂)နှစ်၊ ဦးညွှန့်မောင်(ဘ)ဦးမောင်စိန်-(၅၅)နှစ်၊ သရက်တန်းကျေး ရွာမှ မပိုးအိသိမ့် (ဘ)ဦးကျော်ထူး-(၁၂) နှစ်တို့ ဖြစ် သည်။

သေဆုံး၊ ထိခိုက်ဒါဏ်ရာရမှုများအတွက် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် မိသားစုနှင့် ထပ် တူထပ်မျှ ဝမ်းနည်းကျေကွဲရပါကြောင်းနှင့် ယခု ကဲ့သို့ လူမဆန်၊ ရက်စက်ယုတ်မာသော ဖက်ဆစ်တပ်အား အကြွင်းမကျန်အောင် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ဝါဒဖြန့်သကဲ့သို့ လေ ကြောင်းပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် ကျေးရွာများအနီး ကရင်အမျိုးသားအစည်းအရုံး KNU မှ ကွန်ဂ ရက်အစည်းအဝေးကျင်းပခြင်းမရှိသလို PDF ရဲဘော်များ ယင်းကျေးရွာများသို့ ရောက်နေသည်ဆိုခြင်းမှာလည်း မှန်ကန်မှုမရှိကြောင်း ထန်းတပင် PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ဆောင်းပါး

မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊​ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။