Connect with us

Hi, what are you looking for?

သတင်း

ကျေးရွာအချို့အား တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းဟု ထန်းတပင် PDF ပြော

လေကြောင်းပစ်ခတ်မှုနှင့် မြေပြင်မှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာတို့မှ ကလေးသူငယ်တဦး အပါအဝင် အပစ်မဲ့ပြည်သူ‌ ‌ခြောက်ဦးထိမှန်ခဲ့ရာ ယင်းအနက် သုံးဦးသေဆုံးခဲ့ကြောင်း ထန်းတပင် PDF က အတည်ပြုသည်။

(စစ်​ကောင်စီတပ် တိုက်လေယာဥ်တစ်စီးကို ထန်တပင်မြို့နယ်​ကောင်ကံယံတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် တိုက်လေယာဥ်တစ်စီးကို ထန်တပင်မြို့နယ်​ကောင်ကံယံတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ကျေးရွာအချို့အား စစ်တပ်မှ တိုက် လေယာဉ်များအသုံးပြုပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းမှာ အကြောင်းမဲ့ပစ်ခတ်ခြင်းဖြစ် ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ မေ ၂ ရက်ညနေ ၆ နာရီ ၂၀ နှင့် ၂၄ မိနစ်တို့တွင် ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေ သ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား K8-W တိုက်လေယာဥ်နှစ်စီးဖြင့်ဗုံးကျဲခြင်းနှင့် မြေပြင်စစ်တပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အကြောင်းမဲ့ ပစ်ခက်တာပါ”ဟု အရပ်သားပြည်သူ များအား ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေ ကြောင်းမှ ပစ်ခတ်ခဲ့ခြင်းအပေါ် ထန်းတပင် PDF မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

လေကြောင်းပစ်ခတ်မှုနှင့် မြေပြင်မှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာတို့မှ ကလေးသူငယ်တဦး အပါအဝင် အပစ်မဲ့ပြည်သူ‌ ‌ခြောက်ဦးထိမှန်ခဲ့ရာ ယင်းအနက် သုံးဦးသေဆုံးခဲ့ကြောင်း ထန်းတပင် PDF က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ သေဆုံးပြည်သူသုံးဦးမှာ ကိုရဲစိုးအောင် (ဘ)ဦးစိုးထင်ကျော်- (၃၀)နှစ်၊ မစုလှိုင်အေး(ဘ)ဦးခင်မောင်ထွန်း – (၂၂)နှစ်၊ မလဲ့လဲ့ခိုင်(ဘ)ဦးမြင့်ဦး- (၃၀)နှစ်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူသုံးဦးမှာ

မောင်ထွန်းဝင်း(ဘ)ဦးစိုးထင်ကျော်-(၂၂)နှစ်၊ ဦးညွှန့်မောင်(ဘ)ဦးမောင်စိန်-(၅၅)နှစ်၊ သရက်တန်းကျေး ရွာမှ မပိုးအိသိမ့် (ဘ)ဦးကျော်ထူး-(၁၂) နှစ်တို့ ဖြစ် သည်။

သေဆုံး၊ ထိခိုက်ဒါဏ်ရာရမှုများအတွက် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် မိသားစုနှင့် ထပ် တူထပ်မျှ ဝမ်းနည်းကျေကွဲရပါကြောင်းနှင့် ယခု ကဲ့သို့ လူမဆန်၊ ရက်စက်ယုတ်မာသော ဖက်ဆစ်တပ်အား အကြွင်းမကျန်အောင် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ဝါဒဖြန့်သကဲ့သို့ လေ ကြောင်းပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် ကျေးရွာများအနီး ကရင်အမျိုးသားအစည်းအရုံး KNU မှ ကွန်ဂ ရက်အစည်းအဝေးကျင်းပခြင်းမရှိသလို PDF ရဲဘော်များ ယင်းကျေးရွာများသို့ ရောက်နေသည်ဆိုခြင်းမှာလည်း မှန်ကန်မှုမရှိကြောင်း ထန်းတပင် PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။