Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုအ​ရှေ့ခြမ်းသို့ စစ်​ကောင်စီတပ်ပြန်ဝင်လာ၍ တိုက်ပွဲများအချိန်မ​ရွေးဖြစ်နိုင်​ကြောင်းKNDFသတိ​ပေး

ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်​အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိ​ကြောင်းသိရသည်။

(ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့အ​ရှေ့ဘက်​သို့စစ်ကောင်စီ စစ်ကြောင်းများ ပြန်လည်ဝင်ရောက်လာသဖြင့်တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က ပြောသည်။

ဒေါညေးခူ နှင့် ဒေါဆိုဖျ ကျေးရွာများအတွင်းသို့ မေ လ (၂)ရက်ကစ၍ စစ်ကောင်စီ၏ စစ်ကြောင်းများ ပြန်လည်ဝင်ရောက်လာ၍ တပ်စွဲခြင်းများ လုပ်ဆောင်နေခြင်းဟုအသိ​ပေးလာသည်။

ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်​အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိ​ကြောင်းသိရသည်။

ဧပြီလ နောက်ဆုံးအပတ်တွင် ကရင်နီတပ်​ပေါင်းစု၏ ခြေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏စစ်ကြောင်း များမှာ ဒေါညေးခူကျေးရွာ မှ ဆုတ်ခွာ၍ ဒေါညေးခူ -နှင့် ဘောလခဲ ကြားရှိ တောင်ကြောပေါ်သို့ ဆုတ်ခွာသွားခဲ့သည်။ ထိုသို့ဆုတ်ခွာသွားပြီး ​မေ လ ၂ ရက်တွင် ​ဒေါ​ညေးခူ ​ကျေးရွာသို့ပြန်ဝင်လာကြခြင်းဖြစ်​သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တစ်ဗျူဟာ တပ်ရင်းသုံးခု ဝင်လာတဲ့ ဒေါညေးခူ က စကစ စစ်ကြောင်းက ဘောလခဲ အခြေစိုက်တပ်တွေနဲ့ ပြန်ပေါင်းပြီး ဝင်လာတယ်လို့ပဲ ကနဦးယူဆတယ်။ ပြန်ဝင်လာရတဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။သူတို့ဘက်က ဆက်တိုးလာမယ်ဆိုတာပဲလေ။ဒါကြောင့် တိုက်ပွဲတွေကတော့ ဆက်ပြင်းထန်လိမ့်မယ်”ဟု KNDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

ထို့ကြောင့် ပြည်သူများ ၊ ဒေသခံကျေးရွာသားများ အနေဖြင့် ဒေါညေးခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေး ရွာများအတွင်းသို့ ဆန်စပါး ပြန်သယ်ခြင်း ၊ နေအိမ်များအား ပြန်လာကြည့်ခြင်း ၊ကျေးရွာထဲသို့ ဝင်ရောက်ခြင်းများမပြုလုပ်ရန် KNDFက တိုက်တွန်းထားသည်။

ထို့အပြင် လတ်တလောအခြေနေအရ အချိန်မရွေးတိုက်ပွဲများ ဖြစ်လာနိုင်၍ အထက်ပါ နေရာများအနီး ဖြတ်သန်းသွားလာခြင်းများကို မပြုလုပ်ရန် မေတ္တာရပ်ခံသည်။

ဧပြီ ၁၆ ရက်မှ ၁၈ ရက်အထိဖြစ်ပွားခဲ့​သောဒေါညေးခူတိုက်ပွဲများတွင် စစ်ကြောင်းမှူးများအပါအဝင် စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၂၄ လက် ၊ခဲယမ်းမီး​ကျောက်များအပါအဝင် စစ်တပ်မသုံးပစ္စည်းများစွာသိမ်းဆည်းနိုင်ခဲ့သည်။

ထို့အပြင် ဧပြီလ (၁၉) ရက်က ဘောလခဲ နှင့် ဒေါညေးခူရွာ ကြား၌ စစ်ကောင်စီ၏ ခလရ (၈၀)တပ်ဖွဲ့ကို ကရင်နီပူး​ပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သား (၈)ဦးသေဆုံးကာ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်။​လက်နက်ငယ် ၆ လက် ကျည်ဘောက် (၁၇) ခု နှင့် ကျည်အချို့တို့အား ကရင်နီတပ်များက သိမ်းဆည်း ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။