Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုအ​ရှေ့ခြမ်းသို့ စစ်​ကောင်စီတပ်ပြန်ဝင်လာ၍ တိုက်ပွဲများအချိန်မ​ရွေးဖြစ်နိုင်​ကြောင်းKNDFသတိ​ပေး

ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်​အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိ​ကြောင်းသိရသည်။

(ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့အ​ရှေ့ဘက်​သို့စစ်ကောင်စီ စစ်ကြောင်းများ ပြန်လည်ဝင်ရောက်လာသဖြင့်တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က ပြောသည်။

ဒေါညေးခူ နှင့် ဒေါဆိုဖျ ကျေးရွာများအတွင်းသို့ မေ လ (၂)ရက်ကစ၍ စစ်ကောင်စီ၏ စစ်ကြောင်းများ ပြန်လည်ဝင်ရောက်လာ၍ တပ်စွဲခြင်းများ လုပ်ဆောင်နေခြင်းဟုအသိ​ပေးလာသည်။

ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်​အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိ​ကြောင်းသိရသည်။

ဧပြီလ နောက်ဆုံးအပတ်တွင် ကရင်နီတပ်​ပေါင်းစု၏ ခြေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏စစ်ကြောင်း များမှာ ဒေါညေးခူကျေးရွာ မှ ဆုတ်ခွာ၍ ဒေါညေးခူ -နှင့် ဘောလခဲ ကြားရှိ တောင်ကြောပေါ်သို့ ဆုတ်ခွာသွားခဲ့သည်။ ထိုသို့ဆုတ်ခွာသွားပြီး ​မေ လ ၂ ရက်တွင် ​ဒေါ​ညေးခူ ​ကျေးရွာသို့ပြန်ဝင်လာကြခြင်းဖြစ်​သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တစ်ဗျူဟာ တပ်ရင်းသုံးခု ဝင်လာတဲ့ ဒေါညေးခူ က စကစ စစ်ကြောင်းက ဘောလခဲ အခြေစိုက်တပ်တွေနဲ့ ပြန်ပေါင်းပြီး ဝင်လာတယ်လို့ပဲ ကနဦးယူဆတယ်။ ပြန်ဝင်လာရတဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။သူတို့ဘက်က ဆက်တိုးလာမယ်ဆိုတာပဲလေ။ဒါကြောင့် တိုက်ပွဲတွေကတော့ ဆက်ပြင်းထန်လိမ့်မယ်”ဟု KNDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

ထို့ကြောင့် ပြည်သူများ ၊ ဒေသခံကျေးရွာသားများ အနေဖြင့် ဒေါညေးခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေး ရွာများအတွင်းသို့ ဆန်စပါး ပြန်သယ်ခြင်း ၊ နေအိမ်များအား ပြန်လာကြည့်ခြင်း ၊ကျေးရွာထဲသို့ ဝင်ရောက်ခြင်းများမပြုလုပ်ရန် KNDFက တိုက်တွန်းထားသည်။

ထို့အပြင် လတ်တလောအခြေနေအရ အချိန်မရွေးတိုက်ပွဲများ ဖြစ်လာနိုင်၍ အထက်ပါ နေရာများအနီး ဖြတ်သန်းသွားလာခြင်းများကို မပြုလုပ်ရန် မေတ္တာရပ်ခံသည်။

ဧပြီ ၁၆ ရက်မှ ၁၈ ရက်အထိဖြစ်ပွားခဲ့​သောဒေါညေးခူတိုက်ပွဲများတွင် စစ်ကြောင်းမှူးများအပါအဝင် စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၂၄ လက် ၊ခဲယမ်းမီး​ကျောက်များအပါအဝင် စစ်တပ်မသုံးပစ္စည်းများစွာသိမ်းဆည်းနိုင်ခဲ့သည်။

ထို့အပြင် ဧပြီလ (၁၉) ရက်က ဘောလခဲ နှင့် ဒေါညေးခူရွာ ကြား၌ စစ်ကောင်စီ၏ ခလရ (၈၀)တပ်ဖွဲ့ကို ကရင်နီပူး​ပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သား (၈)ဦးသေဆုံးကာ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်။​လက်နက်ငယ် ၆ လက် ကျည်ဘောက် (၁၇) ခု နှင့် ကျည်အချို့တို့အား ကရင်နီတပ်များက သိမ်းဆည်း ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။