Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စခန်းတွေထဲမှာ ပိတ်လှောင်ခံထားရမယ်ဆိုရင် မြန်မာနိုင်ငံ မပြန်ချင်ဘူးလို့ ရိုဟင်ဂျာတွေပြော

စစ်​ကောင်စီဟာ ICJ မှာတရားရင်ဆိုင်​နေတာမှာ ​ဖြေရင်းဖို့ အချိန်တစ်နှစ်တိုး​ပေးဖို့​တောင်းဆိုထားတာကို တရားရုံးက ဧပြီ လမှာ အချိန် တစ်လတိုး​ပေးထားတာဖြစ်ပါတယ်။

(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)
(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)

▪︎ ရိုဟင်ဂျာ ၂၀ခန့်နဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိ ၇ ဦးတို့ဟာ​မေ ၅ ရက်က မောင်တောမြို့နယ်နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ပြန်လည် နေရာချထားရေး စခန်းတွေကို ပထမဆုံးအကြိမ်သွားရောက် ကြည့်ရှု့

ပြန်လည် နေရာချထားရေး စခန်းတွေထဲမှာ ပိတ်လှောင် ခံနေရဦးမယ်ဆိုရင် မြန်မာနိုင်ငံ ပြန်သွားမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာတွေက ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မငြိမ်သက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ရိုဟင်ဂျာတွေ ကိုယ်ပိုင် ဆန္ဒနဲ့အညီ နေရပ် ပြန်နိုင်ရေးကိစ္စ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား ဆွေးနွေးခဲ့ပြီး ပထမဆုံးအကြိမ် ရိုဟင်ဂျာကိုယ်စားလှယ်​တွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိ​တွေ စစ်​ကောင်စီကပြန်​ဆောက်​ပေးထားတဲ့ ဒုက္ခသည်​တွေထားမယ့်ဆိုတဲ့စခန်း​တွေကို လာ​ရောက်​လေ့လာတဲ့အချိန်မှာရိုဟင်ဂျာတွေက အခုလို သဘောထား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်စပ် ဒေသတစ်ခုဖြစ်တဲ့ ကော့စ်ဘဇားမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးလောက်ဟာ ညံ့ဖျင်း နုံချာတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရပါတယ်။ အများစုဟာ ၂၀၁၇ တုန်းက မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခြင်း ခံခဲ့ရတဲ့နောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)
(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာတွေ ကိုယ်ပိုင် ဆန္ဒနဲ့အညီ နေရပ်ပြန်ရေးကိစ္စအတွက် မြန်မာဖက်နဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပါတယ်။ မေလ ၅ ရက်မှာတော့ ရိုဟင်ဂျာ မွတ်ဆလင် အယောက် ၂၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ် အရာရှိ ၇ ဦးနဲ့အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ပြန်လည် နေရာချထားရေး စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေက နေရပ်ပြန်ရေးကိစ္စ မြန်မာဖက်က စီစဉ်ထားမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်တာတွေ ရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် အာမခံချက်တွေ အခိုင်အမာ မရမချင်း မြန်မာနိုင်ငံ မပြန်လိုကြောင်း ပြောပါတယ်။

ဒါအပြင်ပြန်လည် နေရာချထားရေးစီမံကိန်းလို့နာမည်ခံထားတဲ့ ဒုက္ခသည် စခန်းတွေထဲမှာတော့ ပိတ်လှောင်ခံပြီးမနေလိုကြောင်း၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ ကိုယ့်အိမ်ကိုယ် ပြန်တည်ဆောက်ပြီး အခြေတကျ နေလိုကြောင်း ရခိုင်ပြည်နယ်ဆီ ပြန်ရောက်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲက တစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ သူတို့ရဲ့ ဇာတိဖြစ်ပြီး သူတို့ကလည်း မြန်မာ နိုင်ငံသားတွေသာ ဖြစ်ကြောင်း၊ နိုင်ငံသား အနေနဲ့ပဲ မြန်မာနိုင်ငံဆီ ပြန်သွားချင်ကြောင်း တခြား ရိုဟင်ဂျာ အမျိုးသား တစ်ဦးကလည်း ဆိုပါတယ်။

နိုင်ငံသားသက်​သေခံလက်မှတ်၊ အရင်​နေခဲ့တဲ့အိမ် ၊အရင်က လယ်ယာ​တွေ ၊အိမ်​မြေ​တွေ ပြန်ရမှဖြစ်​ကြောင်း အခုပြန်လာကြည့်တာမှာ အိမ်​တွေ ၊အိမ်​မြေ​တွေ၊လယ်ယာ​မြေ​တွေမရှိ​တော့ဘဲ ဒုက္ခသည်စခန်း​တွေသာ​ပေါ်လာ​ကြောင်းလိုက်လံကြည့်ရှုတဲ့ရိုဟင်ဂျာ ​တွေက​ပြောပါတယ်။ အရင်​မြေကွက်​တွေပြန်ရချင်​ကြောင်းပိုက်ဆံ​ပေးစရာမလိုဘဲ အိမ်ကို ကိုယ်တိုင်ပြန်​ဆောက်ချင်တယ်လို့ ရိုဟင်ဂျာတစ်ဦးက​ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ စမ်းသပ်အဆင့် စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်ဖို့ တိုင်ပင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် အရာရှိ တစ်ဦးက အဲဒီ စီမံကိန်းမှာ ရိုဟင်ဂျာ ၁၁၀၀ ဝန်းကျင်လောက်ကို ပြန်လည် လွှဲပြောင်း ပို့ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောပေမယ့် အစီအစဉ် ဖြစ်မြောက်မယ့် ကာလကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်တွေ နေရပ်ပြန်ခြင်းဟာ သူတို့အတွက် ဖြစ်သင့်တဲ့ ရပိုင်ခွင့်လို့ သတ်မှတ်နိုင်ပေမယ့် စိတ်ဆန္ဒနဲ့အညီ၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ခွင့် ရတာမျိုး ဖြစ်ဖို့ လိုအပ်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

အခြားသတင်းတစ်ရပ်မှာ စစ်​ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ​မေလ ၁၀ ရက်​နေ့ထပ်သွားဖို့ရှိတယ်လို့ ရခိုင်​ဒေသတွင်းသတင်းဌာနဖြစ်တဲ့BNA ( Border News Agency)က​ဖော်ပြပါတယ်။

(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)
(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)

“တရုတ်အစိုရဲ့စီမံချက်လည်းပါတယ်။အခုမေလ ၅ ရက်နေ့က ဘင်္ဂလာကအ ဖွဲ့လာတုန်းကလည်းတရုတ်ကောင်စစ်ဝန်ကိုယ်တိုင်လာခဲ့တာ။”လို့ ပြည်နယ်ကောင်စီအရာရှိတစ်ဦးကရိုဟင်ဂျာ​တွေ​နေရပ်ပြန်​ရေးကနဦး အစီအစဥ်ဖြစ်​မြောက်ဖို့ ICJ မှာ တရားရင်ဆိုင်​နေတဲ့စစ်​ကောင်စီက အ​လောတကြီး ​ဆောင်ရွက်​နေတဲ့အစီအစဥ်​နောက်ကွယ်မှာတရုတ်ပါဝင်​​နေကြောင်း ရခိုင်ပြည်နယ်ကစစ်​ကောင်စီ အရာရှိတစ်ဦးက BNA ကိုပြောထားပါတယ်။

စစ်​ကောင်စီဟာ ICJ မှာတရားရင်ဆိုင်​နေတာမှာ ​ဖြေရင်းဖို့ အချိန်တစ်နှစ်တိုး​ပေးဖို့​တောင်းဆိုထားတာကို တရားရုံးက ဧပြီ လမှာ အချိန် တစ်လတိုး​ပေးထားတာဖြစ်ပါတယ်။

ကိုးကား-ရိုက်တာ၊ Arab News

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။