Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာများအား အဓမ္မစစ်သားစုဆောင်းခြင်း၊ AA အားဆန့်ကျင်ကြောင်းဆန္ဒပြပွဲအတုများ စသည့်စစ်ကောင်စီ၏လုပ်ရပ်များအား သတိထားရန် NUG ထုတ်ပြန်

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓာတ်ပုံ - စစ်​ကောင်စီ)
(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓာတ်ပုံ - စစ်​ကောင်စီ)

မောင်မောင်/People’s Spring

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဧပြီ ၂၁ရက်)တွင် ကြေညာချက်ထုတ်ပြန်ရာ နိုင်ငံရေးလှည့်ကွက်များအပါအဝင် စစ်ကောင်စီ၏ လုပ်ရပ်များအား သတိထားကြရန် တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များတပ်ဆင်ပေးလျက် ရှိနေကြောင်း ၊ အလားတူ အကြမ်းဖက်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်အား ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေးပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။

ထို့ပြင် ဘူးသီးတောင်မြို့အတွင်း အကြမ်းဖက်စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း သိရှိရသည်ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအဆိုပါ လုပ်ရပ်များသည် ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသည့် အဖျက်အမှောင့်လုပ်ရပ်များဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း NUGက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစုအချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အထူးအလေးအနက်ထား မေတ္တာရပ်ခံ ပန်ကြားလိုကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ကလည်း အဖွဲ့၏ သဘောထားကို အသိပေးထားရာ ရက္ခိုင်ဒေသ၌ တဆင့်ချင်းနယ်မြေလက်လွှတ်ဆုတ်ခွါနေရသည့် စစ်ကောင်စီက ဒေသတွင်း၌ ဘာသာရေးလူမျိုးရေးပဋိပက္ခတွေဖန်တီးထားခဲ့ရန် ကောက်ကျစ်စဉ်းလဲစွာလုပ်ဆောင်နေခြင်းဖြစ်သည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

” အခုလက်ရှိမှာ အာရက္ခပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်စစ်ကောင်စီဟာ မူဆလင်ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA၊ ARA နှင့် အခြားစွန်းရောက်မူဆလင်တွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်။ ဒီမူဆလင်အစွန်းရောက်အဖွဲ့တွေနှင့်စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ဘူးသီးတောင်မြို့ထဲက ရက္ခိုင်လူမျိုးတွေရဲ့အိမ်တွေ၊ တခြားဘာသာဝင်တွေရဲ့အိမ်တွေကို ဖောက်ထွင်းခိုးယူတာ မီးရှို့ဖျက်စီးတာတွေကိုလုပ်ဆောင်နေပါတယ်။ ဒါဟာ မူဆလင်တွေနှင့် တခြားဘာသာဝင်တွေကြား လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနှင့်ဖန်တီးနေတာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ယမန်နေ့တွင် ပြောကြားသည်။

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။