Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်ရှိ ငါးယှန်ရွာကို စစ်တပ်မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀၀ခန့် ပြာကျ

ယမန်နေ့ (မေလ ၁၁ရက်) ညနေပိုင်းက မီးရှို့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုစံလင်းဆိုသူပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪︎​ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀၀ခန့် ပြာကျပြီး ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၁၁ရက်) ညနေပိုင်းက မီးရှို့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုစံလင်းဆိုသူပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

” ရွာတစ်ဝက်လောက်ကမီးထဲပါသွားပါတယ်။ မီးထဲပါသွားတဲ့ ရွာမြောက်ခြမ်းက လက်လုပ် လက်စားတွေများပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ယမန်နေ့ညကပင် စစ်ကောင်စီတပ်သည် ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက် သုံးခုအား မီးဝင်ရှို့ရာ နေအိမ် ငါးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ချောင်းဦးမြို့နယ်တွင် မေလ ၉ ရက်က စျေးဝယ်လာသော စစ်သားနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကာ မေလ၁၀ ရက်ကလည်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။