Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့ဆီဆက်သွယ်ထားတဲ့ လမ်းပိုင်းအချို့ စစ်ကောင်စီတပ် ဖျက်ဆီး

KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ ကော့ကရိတ် − ကြာအင်းဆိပ်ကြီး လမ်းပိုင်းရဲ့ တောင်ကြာအင်းတံတားအဆင်း နေရာကိုဖျက်ဆီးလိုက်တာပါ။

ကော့ကရိတ်မြို့ဆီဆက်သွယ်ထားတဲ့ လမ်းပိုင်းအချို့ စစ်ကောင်စီတပ် ဖျက်ဆီး
ကော့ကရိတ်မြို့ဆီဆက်သွယ်ထားတဲ့ လမ်းပိုင်းအချို့ စစ်ကောင်စီတပ် ဖျက်ဆီး

ကရင်ပြည်နယ် ကော့ကရိတ်မြို့ဆီ ဆက်သွယ်ထားတဲ့ ကော့ကရိတ် − ကြာအင်းဆိပ်ကြီး လမ်းပိုင်း ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ ကော့ကရိတ် − ကြာအင်းဆိပ်ကြီး လမ်းပိုင်းရဲ့ တောင်ကြာအင်းတံတားအဆင်း နေရာကိုဖျက်ဆီးလိုက်တာပါ။

မနေ့မေလ ၁၃ ရက်ကလည်းစစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်း မြို့အဝင်လမ်းပိုင်းဖြစ်တဲ့ ကော့ကရိတ် − ကျိုက်ဒုံကားလမ်းနဲ့ ကမိုင်းကုန်းလမ်း ၊ ကမိုင်းကုန်းဘုန်ကြီးကျောင်းလမ်းတွေကို ဖျက်ဆီးခဲ့ပါတယ်။

ဒီလို ကော့ကရိတ်မြို့အဝင်လမ်းပိုင်းတွေကိုဖျက်ဆီးပစ်တာဟာ ကော့ကရိတ်မြို့နယ်ထဲက ကျုံဒိုးမြို့ကို ကရင့်ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက ဝင်တိုက်သလိုမျိုး မခံရအောင် စစ်ကောင်စီဘက်က ပြင်ဆင်တာလို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“အဓိကတော့ ကျွန်တော်တို့ကားနဲ့လာပြီး ဗြုန်းတိုင်းပစ်မရအောင်လို့ အဓိကအဲ့လို(လမ်းဖျက်ဆီးတာ)လုပ်တာဗျာ” လို့ KNU သတင်းရင်းမြစ်က ဆိုပါတယ်။

အခုလို လမ်းပိုင်းဖျက်ဆီးခံရတဲ့အတွက် ဒေသခံတွေသွားရေးလာရေးခက်ခဲနေတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့ဟာ နယ်စပ်မြို့ မြဝတီနဲ့ မိုင်. ၄၀ ကျော်အကွာမှာရှိပြီး ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အချက်အချာကျတဲ့မြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။