Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်းကြောင့် ပေါက်နယ်ရှိ စစ်ဘေးရှောင်တဲများနှင့် ဗုံးခိုကျင်းများ ပျက်စီး

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးဇလကအသိပေးသည်။

(မုန်တိုင်းကြောင့် ယောချောင်းရေ ရေကြီးရေလျှံမှု ဖြစ်ပွားနေစဥ်။ ဓာတ်ပုံ-Pauk Newsletterpage)
(မုန်တိုင်းကြောင့် ယောချောင်းရေ ရေကြီးရေလျှံမှု ဖြစ်ပွားနေစဥ်။ ဓာတ်ပုံ-Pauk Newsletterpage)

မိုခါမုန်တိုင်းအရှိန်ကြောင့် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ဘေးရှောင်များ၏ တဲများနှင့် ဗုံးခိုကျင်းများ ပျက်စီးပြီး ယောချောင်းရေတက်လာ၍ အိမ်သုံးပစ္စည်းနှင့် တိရိစ္ဆာန်များမျောပါကာ သီးနှံခင်းအများအပြားလည်း ပျက်စီးခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၁၄ ရက်)က မိုခါမုန်တိုင်းကြောင့် ပေါက်မြို့နယ်တွင် ယောချောင်းရေမြင့်တက်လာပြီး ယောချောင်းအနီး အနိမ့်ပိုင်းရှိ ကျေးရွာအချို့မှ မော်တော်ဆိုင်ကယ်၊ စက်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ မျောပါပျက်စီးခဲ့ကြောင်း၊ ထို့အပြင် စိုက်ပျိုးလက်စသီးနှံများဖြစ်သော နှမ်းနှင့်မြေပဲခင်းများ ရေနစ်မြုပ်ပျက်စီးကာ ဆုံးရှုံးမှုများပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“မိုးကနှစ်ရက်ဆက် သုံးရက်ဆက်ရွာတာ။ ယောချောင်းရေတော်တော်လျှံတာဗျာ။ နွေနှမ်းတွေတော်တော်ပျက်စီးတယ်။ အိမ်တွေမျော တိရိစ္ဆာန်တွေမျော။ တိရိစ္ဆာန်တွေဆုံးရှုံးတယ်။ တိရိစ္ဆာန်တွေ ရေထဲမျောပါသွားတယ်။ ရေက တအားကြမ်းတယ်။ ယောချောင်းရေက မတရားသဖြင့်ကြမ်းတာ။ မကြုံဖူးဘူး။ ဧရာဝတီမြစ်ကျနေတာပဲ။”ဟု ဒေသခံတောင်သူတစ်ဦးက People’s Springသို့ ပြောသည်။

ထို့အပြင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် စစ်ဘေးရှောင်များ၏ တဲများနှင့် ဗုံးခိုကျင်းပြိုကျမှုများလည်း ဖြစ်ပွားခဲ့ကြောင်း Pauk Newsletterpage စာမျက်နှာက အသိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ဘေးရှောင်တဲများ ရေဘေး လေဘေးသင့်ပျက်စီးမှုရှိပါတယ်။ အသေးစိတ်တိတိကျကျ ရရှိရန် စိစစ်နေပါတယ်။”ဟု အထက်ပါစာမျက်နှာက ရေးသားထားသည်။

ယနေ့ နံနက်ခင်းပိုင်းတွင်မူ ရေများပြန်လည်ကျဆင်းနေသည်ဟု ဒေသခံများက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးဇလကအသိပေးသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် ယနေ့မေလ၁၅ ရက်နံနက်မှ နောက်(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်း၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းကြောင်း မိုးဇလကဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ရွေ့လျားရာတစ်လျှောက်ရှိ ဒေသ များအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်ရှိကြောင်း မိုးဇလက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

သတင်း

မုန်းမြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၉၉)၊ ခမရ(၅၉၀)နှင့် မုန်းရဲစခန်းအပါအဝင် နေရာ လေးခုကို KNU လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၄ရက်တွင် စခန်းအားလုံးသိမ်းနိုင်ခဲ့သည်။