Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် အိုင်းမရွာအနီး၌ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သည် ဧပြီ ၂၃ ရက်ကလည်း ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှ အင်အား၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ငါးဦးအား သတ်ဖြတ်ခဲ့သည်။

(ပေါက်နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့များ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်နေစဥ်)
(ပေါက်နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့များ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်နေစဥ်)

မကွေးတိုင်း၊ ပေါက်မြို့နယ် အိုင်းမကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို လက်နက်ကြီး၊လက်နက်ငယ်များအပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောကြားသည်။

ယမန်နေ့ (ဧပြီ ၂၅ ရက်) ညနေ ၄နာရီခွဲခန့်က ပေါက်မြို့နယ် အိုင်းမကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဒရုန်းဖြင့် အီနာဂါ ၁၅လုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

စစ်ကောင်စီတပ်အား ထိရောက်စွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်၍ ထိခိုက်မှုများနိုင်ကြောင်း ​ဗိုလ်လက်ယျာက ဆိုသည်။

“ကျွန်တော်တို့ဒီကနေ့မနက်လည်း အဲစစ်ကြောင်းကို မိုင်းတစ်ခါထပ်ဆွဲလိုက်တယ်။ ရွာတွေထဲကိုမဝင်တော့ဘဲ နောက်ပြန်ဆုတ်သွားတယ်။ အခုအဲစစ်ကြောင်းနောက်လိုက်နေတယ်။”ဟု မြိုင်ပကဖအဖွဲ့က ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းတိုက်ခိုက်မှုကို ပေါက် ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် မြိုင်(ပကဖ)ရင်း – ၁ ခွဲ ၅ စိတ် – ၂ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၂၃ ရက်ကလည်း ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှ အင်အား၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ငါးဦးအား သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ဧပြီ ၂၄ ရက်နံနက်ပိုင်းတွင် လယ်အို/လယ်မ ကျေးရွာအနီး၌ ဒေသကာကွယ်ရေးအဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။