Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ လဝက်အတွင်း တိုက်ပွဲ ၆၀ကျော်ဖြစ်

စစ်ကောင်စီ၏ထောက်ပံ့ပိုးဆောင်ရေးယာဉ်(၂)စီးနှင့် မြင်းလား(၂)ကောင်းကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - တပ်မဟာ(၅))
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - တပ်မဟာ(၅))

▪️စစ်ကောင်စီတပ် ၂၆ဦးသေဟု KNU တပ်မဟာ(၅) အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ ယခုလဝက်အတွင်း တိုက်ပွဲ ၆၃ကြိမ်ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ(၅) က ယမန်နေ့ညပိုင်းက အသိပေးထုတ်ပြန်သည်။

မေလ ၁ရက်မှ ၁၅ရက်အထိ တပ်မဟာ(၅) ထိန်းချုပ်ရာဒေအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်ပတ်တာအတွင်း တိုက်ပွဲ ၆၃ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၂၆ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး သေဆုံးသူများအနက် တပ်ခွဲမှူးတစ်ဦး၊ ဒု-ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး ပါဝင်ကြောင်းအတည်ပြုသိရှိရသည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ပွဲများအတွင်းတပ်မဟာ(၅)ဘက် က စစ်သည် နှစ်ဦးကျဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီ၏ထောက်ပံ့ပိုးဆောင်ရေးယာဉ်(၂)စီးနှင့် မြင်းလား(၂)ကောင်းကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ယခုလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း တပ်မဟာ(၅)က ယခင်က သတင်းထုတ်ပြန်ထားသည်။ မေလ ၂ရက်က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)၏ နီကန်စခန်းအား တပ်မဟာ(၅)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF မှ တပ်ခွဲမှူး အပါအဝင် ၆ဦးသေဆုံးခဲ့ပြီး လက်နက် ၇လက် သိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ပြည်သူလူထုများရှိရာသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။