Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ငူ​ထောင်တွင် နိုင်ကျဥ်းများရုံးထုတ်စဥ် သေနတ်လုထွက်ပြေးပြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်

ယနေ့(မေ ၁၈)နေ့လယ် ၃ နာရီဝန်းကျင်ကတောင်ငူအကျဥ်းထောင်မှ နိုင်ငံ​ရေးအကျဥ်းသား (၁၀)ဦးကို ရုံးထုတ်စစ်ဆေးစဥ် အကျဥ်းသားများက သေနတ်လုထွက် ပြေး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ​ပြောသည်။

(​တောင်ငူအကျဥ်း​ထောင်ကို​တွေ့ရစဥ် ။ERT (​တောင်ငူ))
(​တောင်ငူအကျဥ်း​ထောင်ကို​တွေ့ရစဥ် ။ERT (​တောင်ငူ))

▪︎စစ်သားတစ်ဦးသေပြီး ပျူတစ်ဦးထိခိုက်ဒဏ်ရာရဟု​ဒေသခံများ​ပြော

စစ်ကောင်စီက မတရားဖမ်းဆီးထားသောနိုင်ငံ​ရေး အကျဥ်းသား (၁၀)ကို တောင်ငူအကျဥ်းထောင်မှ တရားရုံးသို့ ရုံးထုတ်စဥ် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ်သားများထံမှ သေနတ်လု ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ငူဒေသခံများက ပြောသည်။

ယနေ့(မေ ၁၈)နေ့လယ် ၃ နာရီဝန်းကျင်ကတောင်ငူအကျဥ်းထောင်မှ နိုင်ငံ​ရေးအကျဥ်းသား (၁၀)ဦးကို ရုံးထုတ်စစ်ဆေးစဥ် အကျဥ်းသားများက သေနတ်လုထွက် ပြေး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ​ပြောသည်။

“တရားရုံးနဲ့ ထောင်၊ ရဲစခန်းအမှတ်(၁)၊ ရဲစခန်းအ မှတ်(၂)တွေနဲ့က အရမ်းကြီးဝေးမနေဘူး။ သွားရင်လည်း မြို့ထဲကနေ ပတ်သွားရတာ။ဘယ်နားမှာ ဘယ်လိုဖြစ်သွားလဲ သေချာမသိလိုက်ဘူး”ဟု အ ထက်ပါဖြစ်စဥ်နှင့်ပတ်သက်ပြီး တောင်ငူမြို့ခံတစ်ဦးက ပြောသည်။

အထက်ပါ အကျဥ်းသားများခုခံထွက်ပြေးသည်ဖြစ်စဥ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်မောင်မျိုးဆိုသူသေဆုံးပြီး စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးဟုဆိုသူကျော်မြင့်(တပ်ကြပ်ကြီးဟောင်း)ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

တောင်ငူအကျဥ်းထောင်မှနေ၍ ရုံးထုတ်လာသူများတွင် နိုင်ငံရေးပုဒ်မများဖြင့်သည့် ၄၉(က)၊ ၅၀ (က)၊၅၀(ည)၊ ၅၁(ဂ)၊ ၅၂(က)စသည်တို့ဖြင့် ဖမ်းဆီးခံ ထားရသူများဖြစ်​ကြောင်းသိရသည်။

လုံခြုံရေးလိုက်ပါသူများအား ပြန်လည်ခုခံ၍ ထွက် ပြေးသွားသောအကျဥ်းသားများသည် စစ်ကောင်စီတပ်သားများထံမှ ကာဘိုင်တစ်လက်၊ ခြောက် လုံးပြူးတစ်လက်၊ MA 11 တစ်လက်၊ G 3 တစ်လက်အသီးသီးလုယူသွားခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ဖော်ပြသည်။

စစ်ကောင်စီဝါဒဖြန့် News Of Myanmar ၏ တယ်လီဂရမ် စာမျက်နှာတွင် ချစ်မင်းသူဦးဆောင်သော ၁၀ဦးသည် ဒုရဲအုပ်အေးသော်ထံမှခြောက်လုံးပြူးနှင့် ရဲတပ်သားအောင်သူဝင်းထံမှ G3 တစ်လက်လုယူထွက်ပြေးခဲ့သည်ဟု ဖော်ပြသည်။ထိုစဥ် တားဆီးသူများကိုပစ်ခတ်ရာထောင်တပ်ကြပ်မောင်မျိုးသေဆုံးပြီး တပ်ကြပ်ကြီးကျော်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

အဆိုပါနှစ်ဦးထံမှ ကာဘိုက်တစ်လက်နှင့် MA 11 တစ်လက်ပါထပ်မံယူဆောင်ကာ သေနတ်လေးလက်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။