Connect with us

Hi, what are you looking for?

သတင်း

တောင်ငူ​ထောင်တွင် နိုင်ကျဥ်းများရုံးထုတ်စဥ် သေနတ်လုထွက်ပြေးပြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်

ယနေ့(မေ ၁၈)နေ့လယ် ၃ နာရီဝန်းကျင်ကတောင်ငူအကျဥ်းထောင်မှ နိုင်ငံ​ရေးအကျဥ်းသား (၁၀)ဦးကို ရုံးထုတ်စစ်ဆေးစဥ် အကျဥ်းသားများက သေနတ်လုထွက် ပြေး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ​ပြောသည်။

(​တောင်ငူအကျဥ်း​ထောင်ကို​တွေ့ရစဥ် ။ERT (​တောင်ငူ))
(​တောင်ငူအကျဥ်း​ထောင်ကို​တွေ့ရစဥ် ။ERT (​တောင်ငူ))

▪︎စစ်သားတစ်ဦးသေပြီး ပျူတစ်ဦးထိခိုက်ဒဏ်ရာရဟု​ဒေသခံများ​ပြော

စစ်ကောင်စီက မတရားဖမ်းဆီးထားသောနိုင်ငံ​ရေး အကျဥ်းသား (၁၀)ကို တောင်ငူအကျဥ်းထောင်မှ တရားရုံးသို့ ရုံးထုတ်စဥ် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ်သားများထံမှ သေနတ်လု ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ငူဒေသခံများက ပြောသည်။

ယနေ့(မေ ၁၈)နေ့လယ် ၃ နာရီဝန်းကျင်ကတောင်ငူအကျဥ်းထောင်မှ နိုင်ငံ​ရေးအကျဥ်းသား (၁၀)ဦးကို ရုံးထုတ်စစ်ဆေးစဥ် အကျဥ်းသားများက သေနတ်လုထွက် ပြေး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ​ပြောသည်။

“တရားရုံးနဲ့ ထောင်၊ ရဲစခန်းအမှတ်(၁)၊ ရဲစခန်းအ မှတ်(၂)တွေနဲ့က အရမ်းကြီးဝေးမနေဘူး။ သွားရင်လည်း မြို့ထဲကနေ ပတ်သွားရတာ။ဘယ်နားမှာ ဘယ်လိုဖြစ်သွားလဲ သေချာမသိလိုက်ဘူး”ဟု အ ထက်ပါဖြစ်စဥ်နှင့်ပတ်သက်ပြီး တောင်ငူမြို့ခံတစ်ဦးက ပြောသည်။

အထက်ပါ အကျဥ်းသားများခုခံထွက်ပြေးသည်ဖြစ်စဥ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်မောင်မျိုးဆိုသူသေဆုံးပြီး စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးဟုဆိုသူကျော်မြင့်(တပ်ကြပ်ကြီးဟောင်း)ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

တောင်ငူအကျဥ်းထောင်မှနေ၍ ရုံးထုတ်လာသူများတွင် နိုင်ငံရေးပုဒ်မများဖြင့်သည့် ၄၉(က)၊ ၅၀ (က)၊၅၀(ည)၊ ၅၁(ဂ)၊ ၅၂(က)စသည်တို့ဖြင့် ဖမ်းဆီးခံ ထားရသူများဖြစ်​ကြောင်းသိရသည်။

လုံခြုံရေးလိုက်ပါသူများအား ပြန်လည်ခုခံ၍ ထွက် ပြေးသွားသောအကျဥ်းသားများသည် စစ်ကောင်စီတပ်သားများထံမှ ကာဘိုင်တစ်လက်၊ ခြောက် လုံးပြူးတစ်လက်၊ MA 11 တစ်လက်၊ G 3 တစ်လက်အသီးသီးလုယူသွားခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ဖော်ပြသည်။

စစ်ကောင်စီဝါဒဖြန့် News Of Myanmar ၏ တယ်လီဂရမ် စာမျက်နှာတွင် ချစ်မင်းသူဦးဆောင်သော ၁၀ဦးသည် ဒုရဲအုပ်အေးသော်ထံမှခြောက်လုံးပြူးနှင့် ရဲတပ်သားအောင်သူဝင်းထံမှ G3 တစ်လက်လုယူထွက်ပြေးခဲ့သည်ဟု ဖော်ပြသည်။ထိုစဥ် တားဆီးသူများကိုပစ်ခတ်ရာထောင်တပ်ကြပ်မောင်မျိုးသေဆုံးပြီး တပ်ကြပ်ကြီးကျော်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

အဆိုပါနှစ်ဦးထံမှ ကာဘိုက်တစ်လက်နှင့် MA 11 တစ်လက်ပါထပ်မံယူဆောင်ကာ သေနတ်လေးလက်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာကား တိုက်မိရာက မီးလောင်မှုဖြစ်ခဲ့ပြီး လမ်းဘေးက ဘုန်းကြီးကျောင်းကို မီးကူးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။