စက်တင်ဘာ -၁ ၊၂၀၂၆။မိုမို/People’s Spring
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ်က တောင်ငူမြို့နယ်က ၀က်ခေါက်စိန်၊ကျွဲဒိုင်စု ၊မြပင်ကူနဲ့ စပါးကြွယ်ကျေးရွာတွေဘက်ကို ဩဂုတ်နောက်ဆုံးပတ်မှာ စတင် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
” စခတွေက အင်အားအလုံးအရင်းနဲ့ဝင်လာလို့ ရဲဘော်တွေနဲ့ စစ်ဆိုင်ထားတဲ့အခြေအနေဖြစ်နေတယ်။တောင်ငူ အမြန်လမ်းအနောက်ဘက်ခြမ်းတစ်လျှောက်လုံးပဲ”လို့ အထက်ပါတာ၀န်ရှိသူက တောင်ငူမြို့နယ်အနောက် ခြမ်းက စစ်ရေးအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement
စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၃ရွာထက်မနည်းထွက်ပြေးနေကြရပြီး အရေအတွက်အတိအကျမသိရေသေးပေမယ့် စစ်ရှောင်နေရသူများတယ်လို့ သူက ဆိုပါတယ်။
” လေကြောင်းတော့မပါသေးဘူ။ လက်နက်ကြီးနဲ့ ဒရုန်းတွေကိုအများအပြားပစ်ခတ်နေတယ်”လို့ တောင်ငူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်က အင်အားထပ်ဖြည့်တာတွေရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
တောင်ငူမြို့နယ်မှာ စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)၊ ကေတုမတီလေတပ်စခန်း (တောင်ငူလေတပ်စခန်း)၊စစ်လက်နက်စီမံခန့်ခွဲရေးတပ် (၈၄၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တွေရှိပါတယ်။

















































