Connect with us

Hi, what are you looking for?

သတင်း

ဟိုပုန်းတွင် SSPPက မီးမြှိုက်နှိပ်စက်ခဲ့သည့် ရွာလူကြီးအား ပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ တောင်းဆို

မေလ ၉ရက် ဖြစ်ခဲ့သည့် အဆိုပါ မီးမြှိုက်နှိပ်စက်ခဲ့သည့် ဖြစ်ရပ်အပေါ် SSPP ကလည်း ဝန်ခံထားပြီး စစ်ဆေးခံရသူ အသက်ရှင်လျှက်ရှိကြောင်း၊ ဖြစ်ရပ်အပေါ် တောင်းပန်ကြောင်းနှင့် စစ်ဥပဒေ ၊ စစ်သုံ့ပန်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု SSPP ဘက်က အသိပေးထားသည်ဟုဆိုသည်။

(SSPP တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)
(SSPP တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် ဖောင်းဆိုင်ရွာသူကြီး ဦးဝါလအား ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ကြိုးချည်၍ မီးမြှိုက်နှိပ်စက်ခဲ့ရာ အဆိုပါ ရွာသူကြီး ဦးဝါလ အပါအဝင် မတရား ဖမ်းဆီးခြင်းခံနေရသည့် ပြည်သူများကို ချက်ချင်းလွှတ်ပေးရန် ပြည်တွင်းပြည်ပနေ တိုင်းရင်းသားကွန်ရက်များနှင့်အရပ်ဘက် အဖွဲ့အစည်း ၃၀က ယမန်နေ့တွင် သဘောထား ထုတ်ပြန်တောင်းဆိုသည်။

မေလ ၉ရက် ဖြစ်ခဲ့သည့် အဆိုပါ မီးမြှိုက်နှိပ်စက်ခဲ့သည့် ဖြစ်ရပ်အပေါ် SSPP ကလည်း ဝန်ခံထားပြီး စစ်ဆေးခံရသူ အသက်ရှင်လျှက်ရှိကြောင်း၊ ဖြစ်ရပ်အပေါ် တောင်းပန်ကြောင်းနှင့် စစ်ဥပဒေ ၊ စစ်သုံ့ပန်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု SSPP ဘက်က အသိပေးထားသည်ဟုဆိုသည်။

SSPP တပ်ဖွဲ့က ဦးဝါလအား ကြိုးချည်၍ မီးမြှိုက်နှိပ်စက်ခဲ့သည့် ရုပ်သံလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းသို့ အလားတူ ဖြစ်ရပ်များ၊ ထိုထက်ပိုမိုဆိုးရွားသည့် တရားမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများသည် ရှမ်းပြည်နယ်အတွင်းတွင် ဖြစ်ပျက်နေလျက်ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်း ၃၀ ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါဖြစ်ရပ်နှင့် အရပ်ဘက်အဖွဲ့များ၏ထုတ်ပြန်ချက်တို့နှင့်ပတ်သက်ပြီး မေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ အချို့အား People’s Spring က ယနေ့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရပေ။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် ပဋိပက္ခ ဖြစ်ပွားရာ ကျေးရွာများမှ ဒေသခံ ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ထို့ပြင် ကျေးရွာမှ သွားလာခွင့် ထိန်းချုပ်ကန့်သတ်ခြင်း၊ သတင်းမထွက်စေရန် ဖိအားပေး ခြိမ်းခြောက်ခြင်း

စသည့် နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်လျက်ရှိကြောင်း အဖွဲ့ ၃၀ ၏ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုသို့ဖော်ပြရာ၌ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်ကို ဖော်ပြထားခြင်းမရှိပေ။ ရှမ်းပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်အပြင် ရှမ်းတပ် RCSS၊ SSPP၊ တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ပအိုဝ်းတပ် PNO၊ ပအိုဝ်းတပ် PNLO၊ ကချင် KIA၊ ၀တပ်(UWSA)၊ မိုင်းလားတပ်(NDAA)၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်များ ရှိသည်။

လူ့ဂုဏ်သိက္ခာမဲ့ ဆက်ဆံခြင်း၊ စစ်ဆေးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်း အစရှိသည်တို့ကို စစ်ရေး စစ်ဆင်ရေးအပါအဝင် မည်သည့်အခြေအနေမျိုးတွင်မဆို ကျူးလွန်ဆောင်ရွက်ခွင့်မရှိကြောင်း၊ အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်

ထားမှု ဥပဒေနှင့် အခြေခံ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရှမ်းပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အပါအဝင် ရှမ်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည်အလွန်စိုးရိမ်ဖွယ် အခြေအနေဖြစ်နကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် SSPPက နှိပ်စက်ခဲ့သည့် ဦးဝါလနှင့် မတရား ဖမ်းဆီးခြင်းခံနေရသော ပြည်သူများကိုချက်ချင်းလွှတ်ပေါ်ရန်၊ နစ်နာခဲ့သော ပြည်သူများ သတ်ဖြတ်ခြင်းခံခဲ့ရသော ပုဂ္ဂိုလ်များ၏ မိသားစုများအတွက် တာဝန်ယူပေးရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို အပြည့်အ၀ လိုက်နာရန်နှင့် ဆက်လက်မချိုးဖောက်ရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

အရပ်ဘက်အဖွဲ့များ ၊ သတင်းမီဒီယာများနှင့်နိုင်ငံတက အသိုင်းအဝိုင်းများ အနေဖြင့်ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေရမှုများအပေါ် တာဝန်ယူတာဝန်ခံမှု ရှိစေရေး အတွက် ဝိုင်းဝန်း ထိန်းညှိပေးရန်လည်း တိုက်တွန်းတောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးက စစ်တပ်လက်အောက်ခံ SNAတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရဲဘော်တွေ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်တွေဟာ အတည်ပြုမရကြောင်း SSPP တပ်မှူးတဦးက ပြောပါတယ်။