Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝက ရုံးနှင့် စရဖ ရုံးတို့ကို မြို့ပြပြောက်ကျားအဖွဲ့က တပြိုင်နက်တိုက်ခိုက်

ယနေ့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးတနင်္သာရီ တိုင်း‌စစ်ဒေသခွဲမှ စစ်ရေးတာဝန်ခံတစ်ဦးက ဖြစ်စဥ်မှန်ကန်ပြီး သတင်းအသေးစိတ် မရရှိသေးကြောင်း People’s Spring သို့​အတည်ပြုထားသည်။

(​လောင်းလုံမြို့ လဝကရုံးကို Google Map တွင်​တွေ့ရမှု)
(​လောင်းလုံမြို့ လဝကရုံးကို Google Map တွင်​တွေ့ရမှု)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ စစ်ကောင်စီ လဝကရုံးနှင့် စရဖရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက ယနေ့(မေလ ၂၃ရက်) နေ့လယ် ၁၂နာရီဝန်း ကျင်တွင် တပြိုက်နက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

“မြို့ထဲမှာ ပြောက်ကျားဝင်တိုက်တာ။ စစ်အုပ်စုဘက်က သေတယ်လို့ ကြားတယ်။ လူနာတင်ကား သုံးစီးလာတယ်” ဟု လောင်းလုံးမြို့နယ် လ၀က ရုံးအနီးနေသူတစ်ဦးကပြောသည်။

တိုက်ခိုက်မှုသည် တစ်နေရာစီတွင် မိနစ်အနည်းငယ်သာ ကြာခဲ့သည်ဟု မြို့ခံများကပြောသည်။ လောင်းလုံးမြို့နယ် လ၀ကရုံးမှ အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ သိရသလောက် လဝက ရုံးကနှစ်ယောက်သေတယ်လို့တော့ကြားတယ်။ သို့သော် စုံ စမ်းနေဆဲပဲဗျ။ ဝင်ရောက်တိုက်ခိုက်ခဲ့တာကတော့ Local PDF မြို့ပြပြောက်ကျားအဖွဲ့က ဝင်တိုက်တာဗျ”ဟုမြိတ်ခရိုင် PDF တပ်ရင်း(၁)လောင်းလုံးမြို့ နယ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးရဲဘော်များတိုက်ခိုက်သောလဝကရုံးနှင့် စရဖ ရုံးတို့မှာ ကပ်လျှက်တည်ရှိသောကြောင့် လဝက ရုံးအားဝင်တိုက်စဥ် စရဖ ရုံးဘက်မှ ပစ်ကူမပေးနိုင်ရန် တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း လောင်းလုံး ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

ယနေ့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးတနင်္သာရီ တိုင်း‌စစ်ဒေသခွဲမှ စစ်ရေးတာဝန်ခံတစ်ဦးက ဖြစ်စဥ်မှန်ကန်ပြီး သတင်းအသေးစိတ် မရရှိသေးကြောင်း People’s Spring သို့​အတည်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။