Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တိုက်ပွဲ စစ်ကောင်စီတပ် ၂၀ကျော်သေဆုံးနိုင်ဟု ခန့်မှန်း၊ PDF ရဲဘော်နှစ်ဦး ကျဆုံး

အင်းတော်နှင့် နယ်မြေချင်းဆက်စပ်နေသည့်ဗန်းမောက်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

(စစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ အင်းတော်မြိုနယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး နေမှုကို မေလ ၂၃ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ-Indaw Revolution)
(စစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ အင်းတော်မြိုနယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး နေမှုကို မေလ ၂၃ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ-Indaw Revolution)

အင်းတော်နှင့်ဗန်းမောက်တွင် လေကြောင်းတိုက်ခိုက်၍ သက်ကြီးရွယ်အိုနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး ယမန်နေ့ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာနေရာ ရွာသာယာဘက်မှ ကားငါးစီးဖြင့် လူနာ၊ အလောင်းများ အင်းတော်သို့ ပို့ဆောင်လာကြောင်း သတင်းရရှိသည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်မြို့နှင့် ၁၂ မိုင်အကွာ မော်တိတ်ဒေသ ရွာသာယာကျေးရွာအနီး၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရသည်။ ယမန်နေ့ (မေလ ၂၅ရက်)ကလည်း မော်တိတ်ဒေသ ကျွန်းတောရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရသည်။

“မနေ့က တိုက်ပွဲအခြေအနေက စစ်ကောင်စီဘက်က မနေ့ညနေတုန်းက အင်းတော်ကို ရွာသာယာက ကားငါးစီးနဲ့ ဒဏ်ရာရတဲ့ဟာတွေရယ် တချို့ အရာရှိပိုင်းထဲက သေတဲ့ဟာတွေရယ်လာပို့တယ်။ အယောက် ၂၀ တော့ကျော်မယ်”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

Public Service Announcement
Public Service Announcement

၎င်းကဆက်လက်ပြီး “လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းထိခိုက်တယ်။ ဘုန်းကြီးကျောင်း စာသင်ကျောင်း နေအိမ်တချို့ရယ် ဆန်စက်တွေရယ် ထိခိုက်တယ်ဗျ။ပြီးတော့ လေကြောင်း တိုက်တော့ ဘုန်းကြီးကျောင်းကို ပြေးတဲ့ အဖွားအို တစ်ယောက်လည်း ဆုံးသွားတယ်။ သူ့ကို အစတွေတော့ မစင်ဘူး လေကြောင်းတိုက်တော့ နှလုံးရှော့ရပြီးတော့ ဆုံးသွားတာ။ သူကလည်းဘုန်းကြီးကျောင်းထဲကိုသွားတာ။ လေယာဗုံးကလည်း ဘုန်းကြီးကျောင်းထဲကို ပစ်တာသူနဲ့ နီးနီးလေးဆိုတော့ အဲဒီလိုမျိုးဖြစ်သွားတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အင်းတော် PDF ဘက်က အသက် (၁၈)နှစ်နှင့်(၂၃)နှစ်အရွယ် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ကျွန်းတောရွာ၌ ရှိနေသည်ဟု ပြောသည်။

အင်းတော်နှင့် နယ်မြေချင်းဆက်စပ်နေသည့်ဗန်းမောက်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာ၌ ၅ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်များပြားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က ကြောင်လည်ရွာနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နောင်ကန်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နောင်ကန်ရွာ၌အရပ်သား သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆိုသည်။

မေလ ၂၅ရက်ကလည်း နောင်ကန်ကျေးရွာသို့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆လုံး ပျက်စီးပြီး အသက် (၆၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း Banmauk Revolutionက ယနေ့ ထုတ်ပြန်သည်။

“အဆိုပါ နောင်ကန်ရွာမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသောနေရာနှင့် သီးခြားစီဖြစ်ပြီး အကြောင်းမဲ့ သပ်သပ်ကြဲချသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်”ဟု ဖော်ပြခဲ့ပြီး သတင်းဓာတ်ပုံများ ပေးပို့လာချိန်၌ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။

“သူတို့ စစ်ကောင်စီဘက်က အထိနာနေတော့ ဆက်ပြီး လေကြောင်းတွေလည်း သုံးလာနိုင်တယ်။အဓိကတော့ အင်းတော် ဗန်းမောက်ဘက်မှာပေါ့။ အင်းတော်နဲ့ ဗန်းမောက်ဘက်မှာ အခုနောက်ပိုင်း သူတို့အဖိခံနေရတာ။ သူတို့ဘက်က ခံနေရတော့ လေကြောင်းတွေထပ်ပြီး သုံးလာနိုင်တော့ ပြည်သူတွေ စစ်နဲ့ရှောင်နိုင်သမျှ ရှောင်နိုင်အောင် သတိပေးချင်တယ်”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။