Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

(၂)နှစ်အတွင်း ကရင်နီပြည်၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ဟု KNDF ဥက္ကဌပြော

ယနေ့ ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

▪️ လက်နက်ကြီး၊ငယ် ၆၀၀ ကျော် သိမ်းဆည်းရရှိဟုဆို

(၂)နှစ်အတွင်း ကရင်နီပြည်နယ်၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ကြီး၊ငယ် ၆၀၀ ကျော် သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဌ ခွန်းဘီထူးက ​ပြောသည်။

ယနေ့ ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်နှစ်တာ ကာလအတွင်းတိုက်ပွဲပေါင်း တစ်ထောင်ကျော်ကို KNDF အနေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်။ထို တိုက်ပွဲပေါင်း ကာလတစ်လျှောက် လက်နက် ကြီးငယ်၊ ၆၀၀ကျော်သိမ်းဆည်းရမိခဲ့တယ်။စခန်းငယ်ပေါင်း ၁၀ ခုသိမ်းယူမှုမှာလည်း KNDF အနေနဲ့ ပါဝင်ခဲ့ပါတယ်။တပ်ရင်းများစီမံမှု လက်နက်ထုတ်လုပ် ဝယ်ယူမှုတွေကလည်း တိုးတက်လာတယ်။တိုက်ခိုက်ရေး စွမ်းရည်နဲ့ နည်းဗျူဟာတွေလည်း ပိုမိုပြီးတိုးတက်လာပါတယ်” ဟု ခွန်းဘီထူးက ပြောသည်။

(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

ထို့အပြင် လာမည့် ရေရှည်တိုက်ပွဲအတွက်လည်း စစ်ကောင်စီ၏ အားနည်းချက်နှင့် မိမိအားသာချက်ကိုသိရှိပြီး ပြင်ဆင်ပါက ပိုမိုအောင်မြင်နိုင်လိမ့်မည်ဟု ၎င်းက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

အလားတူ စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်ဖို့အတွက်ရည်ရွယ်ပြီး တိုက်ပွဲများအတွင်း အသက်ပေးခဲ့သည့် က ရင်နီတပ်တပ်ဖွဲ့ဝင် ၁၅၃ဦး ရှိခဲ့သည်။

Public Service Announcement
Public Service Announcement

ကရင်နီတပ်မတော် (KA)၏ ဦးဆောင်မှုကို အသိအမှတ်ပြုအလေးထားရန် နှင့် KNDF အပါအဝင် ကရင်နီနယ်မြေရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုကို ယခုထက်ပိုမိုအားကောင်းရန်နှင့် စစ်ကောင်စီ၏ သွေးခွဲမှုကို သတိပြုရန် KNDF ဥက္ကဌ က တိုက်တွန်းသည်။

(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

အလားတူ ဖက်ဒရယ်ဒီမိုကရေစီ ပြဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများအားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုလည်း ၎င်းက သတင်းစကားပါးသည်။

“ကရင်နီအစိုးရဟာ မြေပြင်အစိုးရ ဖြစ်တဲ့အတွက် ကရင်နီဒေသအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အားကောင်းသော ပြည်သူ့အစိုးရ အုပ်ချုပ်မှုကို ရရှိတော့မှာ ဖြစ်တယ်။ဒါဟာ စစ်ရေးသာမက နိုင်ငံရေး အောင်မြင်မှုဖြစ်တယ်”ဟု ခွန်းဘီထူးက ရှင်းပြသည်။

လက်ရှိ ကရင်နီ(ကယား)ပြည်နယ်၌ စစ်ကောင်စီက တပ်မသုံးခု အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်းများ၊အရှေ့ပိုငိးတိုင်းစစ်ဌာနချုပ် (ရပခ)တပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။