Connect with us

Hi, what are you looking for?

သတင်း

(၂)နှစ်အတွင်း ကရင်နီပြည်၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ဟု KNDF ဥက္ကဌပြော

ယနေ့ ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

▪️ လက်နက်ကြီး၊ငယ် ၆၀၀ ကျော် သိမ်းဆည်းရရှိဟုဆို

(၂)နှစ်အတွင်း ကရင်နီပြည်နယ်၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ကြီး၊ငယ် ၆၀၀ ကျော် သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဌ ခွန်းဘီထူးက ​ပြောသည်။

ယနေ့ ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်နှစ်တာ ကာလအတွင်းတိုက်ပွဲပေါင်း တစ်ထောင်ကျော်ကို KNDF အနေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်။ထို တိုက်ပွဲပေါင်း ကာလတစ်လျှောက် လက်နက် ကြီးငယ်၊ ၆၀၀ကျော်သိမ်းဆည်းရမိခဲ့တယ်။စခန်းငယ်ပေါင်း ၁၀ ခုသိမ်းယူမှုမှာလည်း KNDF အနေနဲ့ ပါဝင်ခဲ့ပါတယ်။တပ်ရင်းများစီမံမှု လက်နက်ထုတ်လုပ် ဝယ်ယူမှုတွေကလည်း တိုးတက်လာတယ်။တိုက်ခိုက်ရေး စွမ်းရည်နဲ့ နည်းဗျူဟာတွေလည်း ပိုမိုပြီးတိုးတက်လာပါတယ်” ဟု ခွန်းဘီထူးက ပြောသည်။

(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

ထို့အပြင် လာမည့် ရေရှည်တိုက်ပွဲအတွက်လည်း စစ်ကောင်စီ၏ အားနည်းချက်နှင့် မိမိအားသာချက်ကိုသိရှိပြီး ပြင်ဆင်ပါက ပိုမိုအောင်မြင်နိုင်လိမ့်မည်ဟု ၎င်းက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

အလားတူ စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်ဖို့အတွက်ရည်ရွယ်ပြီး တိုက်ပွဲများအတွင်း အသက်ပေးခဲ့သည့် က ရင်နီတပ်တပ်ဖွဲ့ဝင် ၁၅၃ဦး ရှိခဲ့သည်။

Public Service Announcement
Public Service Announcement

ကရင်နီတပ်မတော် (KA)၏ ဦးဆောင်မှုကို အသိအမှတ်ပြုအလေးထားရန် နှင့် KNDF အပါအဝင် ကရင်နီနယ်မြေရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုကို ယခုထက်ပိုမိုအားကောင်းရန်နှင့် စစ်ကောင်စီ၏ သွေးခွဲမှုကို သတိပြုရန် KNDF ဥက္ကဌ က တိုက်တွန်းသည်။

(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

အလားတူ ဖက်ဒရယ်ဒီမိုကရေစီ ပြဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများအားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုလည်း ၎င်းက သတင်းစကားပါးသည်။

“ကရင်နီအစိုးရဟာ မြေပြင်အစိုးရ ဖြစ်တဲ့အတွက် ကရင်နီဒေသအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အားကောင်းသော ပြည်သူ့အစိုးရ အုပ်ချုပ်မှုကို ရရှိတော့မှာ ဖြစ်တယ်။ဒါဟာ စစ်ရေးသာမက နိုင်ငံရေး အောင်မြင်မှုဖြစ်တယ်”ဟု ခွန်းဘီထူးက ရှင်းပြသည်။

လက်ရှိ ကရင်နီ(ကယား)ပြည်နယ်၌ စစ်ကောင်စီက တပ်မသုံးခု အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်းများ၊အရှေ့ပိုငိးတိုင်းစစ်ဌာနချုပ် (ရပခ)တပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။