Connect with us

Hi, what are you looking for?

သတင်း

တောင်ငူတွင် ရုံးထုတ်ချိန်ခုခံထွက်​ပြေး အကျဥ်းသားများအားလုံးဘေးကင်းလွတ်မြောက်ဟုဆို

စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အကျဥ်းသား(၁၀)ဦး ယမန်နေ့(မေ ၁၈)တွင် တောင်ငူအကျဥ်းထောင်မှတဆင့် ရုံးထုတ်စဥ် လုံခြုံ ရေးလိုက်ပါလာသော ရဲနှင့်စစ်သားများအားခုခံ၍ သေနတ်များပါ လုယူနိုင်ခဲ့ကာ အကျဥ်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

တောင်ငူတွင် ရုံးထုတ်ချိန်ခုခံထွက်​ပြေး အကျဥ်းသားများအားလုံးဘေးကင်းလွတ်မြောက်ဟုဆို
တောင်ငူတွင် ရုံးထုတ်ချိန်ခုခံထွက်​ပြေး အကျဥ်းသားများအားလုံးဘေးကင်းလွတ်မြောက်ဟုဆို

တောင်ငူအကျဥ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသော အကျဥ်းသား(၁၀)ဦးအား ရုံးထုတ်ချိန် စစ်ကောင်စီတပ်သားများအား ခုခံထွက်ပြေးသည့်ဖြစ်စဥ်တွင် အကျဥ်းသားအားလုံး လွတ်မြောက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အကျဥ်းသား(၁၀)ဦး ယမန်နေ့(မေ ၁၈)တွင် တောင်ငူအကျဥ်းထောင်မှတဆင့် ရုံးထုတ်စဥ် လုံခြုံ ရေးလိုက်ပါလာသော ရဲနှင့်စစ်သားများအားခုခံ၍ သေနတ်များပါ လုယူနိုင်ခဲ့ကာ အကျဥ်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

“အကုန် လွတ်သွားပါတယ်။သေနတ် ၄ လက်နဲ့ပါ။လွတ်မြောက်နယ်မြေရောက် ၇ ယောက်ရောက်ပြီဆိုတာညက သိပါတယ်။ ကျန်တဲ့ ၃ ယောက် ဒီမနက်ဆိုရောက်လောက်ရောပေါ့”ဟု ဒေသသတင်းရင်းမြစ် Taungoo Revolution News မှ တာဝန်ရှိသူတစ်ဦးကPeople’s Springသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ရုံးထုတ်ချိန် စစ်ကောင်စီတပ်သားများအား ပြန်လည်ခုခံပြီး ထွက်ပြေးလွတ်မြောက်သွားသူ(၁၀)ဦးသည် ၄၉(က)၊ ၅၀ (က)၊၅၀(ည)၊ ၅၁(ဂ)၊ ၅၂(က)စသည့်ပုဒ်မများတပ်ကာ စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံနေရသူများ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယခုကဲ့သို့ စစ်ကောင်စီလက်ပါးစေများအားခုခံ၍ ထွက်ပြေးယုမျှမက ရန်သူ့ထံမှ လက်နက်များရအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်ဖြစ်ရာ”အကျဥ်းသားအားလုံးလွတ်မြောက်ကြပါစေ”၊ “ကူညီသူများနှင့်တွေ့ပြီး ဘေးအန္တရာယ်ကင်းကြပါစေ”၊ ကျန်း မာသက်ရှည်ကြပါစေ”စသည့် ဆုတောင်းစကားများဖြင့် ပြည်သူများက လူမှုကွန်ရက်များမှတဆင့် အားပေးဝန်းရံမှုအများအပြားကိုတွေ့ရသည်။

သို့သော်စစ်ကောင်စီတပ်အသိုင်းအဝိုင်းနှင့်၎င်းတို့ကိုထောက်ခံသော အသိုင်းအဝိုင်း၌မူ”တောင်ငူဖြစ်စဥ်ကရဲတွေအပြင် စစ်သားတွေပါရက်နဲ့ ကိုယ့်ဘက်ကညံ့တာ”၊ “လူကြီးမင်းတို့ ကြားကောင်းအောင်လည်းလုပ်ကြပါအုံးလား”စသဖြင့် အချင်းချင်းပြစ်တင်ပြောဆိုမှုများ၊ အားမလိုအားမရ ငြီးတွားသံများကို လူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားဖော်ပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

အကျဥ်းသားဧည့်တွေ့ခွင့် ငွေကောက်ခံမှုနှင့်ပတ်သက်၍ ရွှေဘိုမြို့ရှိ နိုင်ငံရေးသမားများထံ ဆက်သွယ်မေးမြန်းထားပြီး မှတ်ချက်တစုံတရာ မရရှိသေးပေ။

သတင်း

သာယာဝတီထောင်သည် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုတွင် နာမည်ကြီးသည့် အကျဉ်းထောင် တစ်ခုဖြစ်သည်။

သတင်း

ရဲတပ်သားများစွမ်းရည်တိုးတက်ရန် သင်တန်းများစွာလိုအပ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့နိုင်ရန်လည်းလိုအပ်ကြောင်း ခရိုင်ရဲမှူးက ပြောကြားခဲ့သည်။