Connect with us

Hi, what are you looking for?

သတင်း

ကလိန်အောင်မှ ရေဖြူသို့လာသောစစ်တပ်ယာဥ်တန်းကို PDFများကြားဖြတ်တိုက်ခိုက်

သေဆုံးသူ ၁၀ ဦးဝန်းကျင်ခန့်နှင့် ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူများအား ဟိုက်ဂျက်ကား ၃ စီး၊ အရေးပေါ်ကား ၂ စီးဖြင့်တင်ဆောင်သွားကြောင်း နောက်ဆက်တွဲသတင်းရရှိထားသည်။

(ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-TPLF)
(ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-TPLF)

ကလိန်အောင်မြို့ဘက်မှ ရေဖြူဘက်သို့လာသောစစ်ကောင်စီတပ်ယာဥ်တန်းကို မဟာမိတ်ညီနောင်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

TPLF မှ စစ်ကြောင်းမှူး Cobra၊ ဒုစစ်ကြောင်းမှူး ဒေါင်းယံတို့ဦးဆောင်သော ပူးပေါင်းမဟာမိတ်စစ်ကြောင်းသည် မေ ၃၁ ရက် ညနေ ၅ နာရီခန့်တွင် ကလိန်အောင်မှ ရေဖြူသို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့််ဖောကား ၄ စီး၊ ဟွန်ဒါဖစ် ၁ စီးအား မိုင် ၃၀ တံတားထိပ်အနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်အား ၁၀၀ ကျော်ပါလာသော အဆိုပါယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာတွင် ၁၅ မိနစ်ခန့်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ယာဥ်တန်းပါကားတစ်စီးတွင်ယာဥ်မောင်းနှင့် ရေတိုက်ကီအားထိမှန်သဖြင့် ယာဥ်တစ်စီး ထိုးရပ်သွားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၀ ဦးခန့်သေ ဆုံးကာ ဒဏ်ရာရသူများလည်း ၁၀ ဦးထက်မနည်းရှိနိုင်ပြီး ၎င်းတို့ဘက်မှ လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း TPLF နှင့် မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“(စစ်သားသေဆုံးဒဏ်ရာရသူများအား)ဆေးရုံးကား၂ စီး၊ ဟိုက်ဂျက် ၃ စီးနဲ့ ၄၀၇ တပ်ရင်းထဲ သယ်သွားတာကို ယုံကြည်ရတဲ့ ဒေသခံတွေဆီကနေတဆင့် ကြားရပါတယ်ခင်ဗျ။ တိုက်ပွဲဖြစ်နေစဉ်မှာလည်း ကားထိုးရပ်သွားပြီး ပစ်ခတ်မှုဆက်လက်ဖြစ်ပွားစဉ် လမ်းဘေးမြောင်းထဲကို စစ်သားငါးလောင်းဆွဲချတာကိုလည်း ရဲဘော်တွေက မျက်မြင်တွေ့ခဲ့ရပါတယ်”ဟု စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသည့်အခြေအနေကို TPLF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

သေဆုံးသူ ၁၀ ဦးဝန်းကျင်ခန့်နှင့် ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူများအား ဟိုက်ဂျက်ကား ၃ စီး၊ အရေးပေါ်ကား ၂ စီးဖြင့်တင်ဆောင်သွားကြောင်း နောက်ဆက်တွဲသတင်းရရှိထားသည်။

အထက်ပါစစ်ဆင်​ရေးကိုထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ထား ဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)နှင့် ရေဖြူအလယ်ပိုင်း(ပကဖ) အဖွဲ့တို့ပါဝင်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။