Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် – ကျောက်ထုလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီဟု CDF အသိပေး

စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် မကွေးတိုင်း ကျောက်ထုနယ်မှ မင်းတပ် နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာ၍ မင်းတပ် -ကျောက်ထုလမ်း အသုံးပြုမှု ခေတ္တရပ်နားရန် ထုတ်ပြန်ထားရာ ယနေ့တွင် ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

(မင်းတပ် - ကျောက်ထုလမ်းပိုင်းတစ်နေရာတွင် တွေ့ရသော မင်းတပ် CDFမှ ရဲဘော်များ။ဓာတ်ပုံ - မင်းတပ် CDF)
(မင်းတပ် - ကျောက်ထုလမ်းပိုင်းတစ်နေရာတွင် တွေ့ရသော မင်းတပ် CDFမှ ရဲဘော်များ။ဓာတ်ပုံ - မင်းတပ် CDF)

▪️တစ်ပတ်ခန့်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အထိနာဟုဆို

စစ်ရေးအခြေအနေကြောင့် သွားလာခြင်းမပြုရန် တားမြစ်ထားသည့် မင်းတပ်- ကျောက်ထုလမ်းကို ယနေ့(ဇွန်လ ၅ရက်)မှစ၍ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် မကွေးတိုင်း ကျောက်ထုနယ်မှ မင်းတပ် နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာ၍ မင်းတပ် -ကျောက်ထုလမ်း အသုံးပြုမှု ခေတ္တရပ်နားရန် ထုတ်ပြန်ထားရာ ယနေ့တွင် ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် မင်း တပ် CDF၊ မတူပီ CDF၊ ကန့်ပက်လက် CDF၊ ဂန့်ဂေါ ခရိုင် အမှတ်(၁၃) တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇွန်လဆန်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ပြင်းထန်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

အဆိုပါတပ်ကို မေလ ၂၈ရက်တွင် ပူးပေါင်းတပ်က ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်များခဲ့ကြောင်း၊ မေလ ၂၉ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၅ဦး သေဆုံးခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်ခဲ့သည်။ မင်းတပ် CDF ဘက်ကလည်း ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မေလ ၃၀ ရက်တွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်က လက်နက်ကြီး ရမ်းသားပစ်ခတ်ခဲ့ရာ မင်းတပ် CDFကလည်း ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ လက်နက်ကြီး အထိုင် ၄မိုင်ကုန်းကို ထိခိုက်ပျက်စီးခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။

မင်းတပ် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်များသည်ဟု မြေပြင်သတင်းရရှိကြောင်း မင်းတပ် CDF စစ်ဒေသမှူး နိုင်းတမ်က People’s Spring သို့ပြောကြားထားသည်။

ယခုတိုက်ပွဲ၌ ကျည်ဆံ အများအပြား အသုံးပြု တိုက်ပွဲဝင်ခဲ့ကြောင်း စစ်ဒေသမှူးက ပြောကြားသည်။ထို့ပြင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ရန် စီမံထား၍ ကျည်ခဲယမ်းများ ဖြည့်တင်းနိုင်ရေးအတွက် မင်းတပ် CDF က အားယူထပျံ အောက်ချင်းအားမာန် ကမ်ပိန်းကို ပြုလုပ်နေပြီး ပြည်တွင်း ပြည်ပရှိ ပြည်သူလူထုများအနေဖြင့် ကမ်ပိန်းတွင် ပါဝင်ကူညီပေးရန် စစ်ဒေသမှူးက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။