Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်စစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ၏စစ်​ရေးလေ့ကျင့်မှုပုံရိပ်များ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်​ဒေသတွင် PDF တပ်ရင်းတစ်ခုဖွဲ့စည်း​ကြောင်း​ကြေညာပြီး​နောက် စစ်​​ကောင်စီတပ်က ရန်ကုန်တွင် လုံခြုံ​ရေးတိုးမြှင့်ထား၍ ​တော်လှန်​ရေးအင်အားစုများ ပိုသတိထား​​နေရ​ကြောင်းလည်း မြို့ပြ​ပြောက်ကျားရဲ​ဘော်အချို့က​ပြောသည်။

(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)
(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)

▪︎တပ်ရင်း၅၁၀၁၏ရဲဘော်များမှာမြို့ပြတွင်​ရောတောတွင်းမှာပါ စစ်ဆင်ရေးများဆောင်ရွက်နေဟုတာဝန်ရှိသူ​ပြော

PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်မှုပြုလုပ်သည့်ပုံရိပ်များအားရန်ကုန်စစ်ဒေသခွဲဌာနချုပ်မှယနေ့(ဇွန်၆) အသိပေး ထုတ်ပြန်လိုက်သည်။

“တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်” ဆိုသည့်အတိုင်း တပ်ရင်း ၅၁၀၁ မှ ရဲဘော်များအနေဖြင့် စစ် ဆင်ရေးလှုပ်ရှားမှုများသာမက စုဖွဲ့လေ့ကျင့်မှုများကိုပါ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး တောတွင်းနှင့် မြို့ပြစစ်ဆင်ရေးများ ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်နိုင်ရေး အထူးကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြသည်။

(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)
(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)

ထို့အပြင် တိုက်ရည်ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာ ခံမှု အားကောင်းသော စစ်သည်တော်ကောင်းများဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များဖြစ်သည်ဟု အသိပေးသည်။

“MOD ရဲ့လက်အောက်က ရန်ကုန်စစ်ဒေသခွဲ တပ်ရင်း ၅၁၀၁အနေနဲ့ လက်ရှိမှာ ရန်ကုန်လိုမျိုး မြို့ပြမှာ မြို့ပြစစ်ဆင်ရေး‌တွေဖော်ဆောင်ဖို့ လွယ်ကူတဲ့ အနေအထားမဟုတ်ပါဘူး။ ဖော်ဆောင်နိုင်ဦးမှာလည်း မဟုတ်ဘူးလို့မြင်တယ်။ ဒါပေမယ့် NUG အနေနဲ့ မြို့ပြတိုက်ပွဲတွေအတွက် ပထမဆုံးခြေလှမ်း လှမ်းထားတယ်လို့ မြင်တယ်။

Public Service Announcement

Public Service Announcement

(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)
(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေ EAO နယ်မြေတွေမှာ အဲဒီ့နားမှာရှိတဲ့ အနီးတဝိုက်ကမြို့တွေပေါ်ကို တိုက်ပွဲတွေ ကူးဆက်ပြီး မြို့ပြတိုက်ပွဲ သဏ္ဍာန်တွေကို ဖော်ဆောင်လာတာတွေ့တယ်။ တချို့နေရာတွေမှာဆို မြို့မသိမ်းနိုင်ပေမယ့် မြို့ပတ်လည်မှာ PDF တပ်ရင်းတပ်ဖွဲ့တွေ EAO တပ်ရင်းတပ်ဖွဲ့တွေက‌နေရာယူပြီးတော့ စစ်ဆင်ရေးပုံစံလုပ်ထားတာတွေ့တယ်။တစ်နိုင်ငံလုံးမြို့ပြတိုက်ပွဲတွေ ဆင်နွဲနေတဲ့ အချိန်မှာ NUG အနေနဲ့ ပထမခြေလှမ်းလှမ်းထားတဲ့အတွက် ရန်ကုန်အနေနဲ့လည်း စစ်ရေးဖော်ဆောင်မှုကို အစကနေလုပ်စရာမလိုတော့ဘူးလို့မြင်တယ်။ပထမစုဖွဲ့ထားတဲ့ တပ်ရင်းအပေါ်မှာမူတည်ပြီးတော့ အင်အားတွေတိုးလို့ရတယ် လက်နက်တွေတိုးလို့ရတယ်။ မြို့ပြမှာရှိတဲ့ အင်အားစုတွေကိုလည်း ပေါင်းစည်းနိုင်ဖို့ အားထုတ်လို့ရတယ်။ ဒီအပေါ်ကိုအခြေခံပြီး မြို့ပြတိုက်ပွဲတွေ ဖော်ဆောင်လာမယ်မြင်တယ်။ လက်ရှိမှာတော့ မလွယ်သေးဘူး။ ခက်ခဲနေသေးတယ်”ဟုစမ်းချောင်း PDF ရဲဘော်ပီတာကြီး ကသူ၏ အမြင်ကို​ပြောသည်။

(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)
(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)

ရန်ကုန်စစ်ဒေသခွဲ တပ်ရင်း ၅၁၀၁ ၏စစ်​ရေး​လေ့ကျင့်​နေ​​သောဓါတ်ပုံများကိုကြည့်၍ ပြည်သူများအားတက်ရ​ကြောင်း၊PDF များ​ဘေးကင်း​အောင်မြင်ပါ​စေ​ကြောင်းပြည်သူများကမှတ်ချက်​ပေးသည်။

ရန်ကုန်တိုင်းစစ်​ဒေသတွင် PDF တပ်ရင်းတစ်ခုဖွဲ့စည်း​ကြောင်း​ကြေညာပြီး​နောက် စစ်​​ကောင်စီတပ်က ရန်ကုန်တွင် လုံခြုံ​ရေးတိုးမြှင့်ထား၍ ​တော်လှန်​ရေးအင်အားစုများ ပိုသတိထား​​နေရ​ကြောင်းလည်း မြို့ပြ​ပြောက်ကျားရဲ​ဘော်အချို့က​ပြောသည်။

“အခု PDF တပ်ရင်း ၅၁၀၁ က လွတ်မြောက်လိုနေရာမျိုးမှာ တခြားတပ်ရင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေး‌အတွေ့အကြုံတွေယူနေတယ်လို့မြင်တယ်။ ဒါတွေယူပြီးရင် တစ်ချိန်မြို့ပြတိုက်ပွဲတွေဖော်ဆောင်လာတဲ့အချိန်မှာ ဒီရဲဘော်တွေအနေနဲ့ မြို့ပြတိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့မြင်တယ်”ဟု စမ်းချောင်း PDF ရဲဘော်ပီတာကြီး က​မှတ်ချက်ပြုပါသည်။

(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)
(ရန်ကုန်စစ်​ဒေသခွဲ ၊ တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်​နေမှု။ ဓါတ်ပုံ-ရန်ကုန်စစ်​ဒေသ)

ရန်ကုန်စစ်ဒေသခွဲဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်း”တပ်ရင်း ၅၁၀၁ ရဲ့ ရဲဘော်တွေက မြို့ပြမှာလည်းရှိသလို တောတွင်းမှာလည်း စစ်ဆင်ရေးတွေ ဆောင် ရွက်နေပါတယ်။ ဒါပေမယ့် တပ်ရင်းကိုတော့ လတ် တလောအခြေအနေအရ ရန်ကုန်ပြင်ပမှာပဲ ထားရှိထားဆဲဖြစ်ပါတယ်”ဟု People’s Spring သို့ ပြော သည်။

အဆိုပါ တပ်ရင်း ၅၁၀၁ မှရဲဘော်များအနေဖြင့် တောတွင်းစစ်ဆင်ရေးများတွင် မဟာမိတ် စစ် ကြောင်းများနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသကဲ့သို့ ရန်ကုန်မြို့ပြအတွင်းတွင်လည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်စစ်ဒေသခွဲက ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

ဆောင်းပါး

ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကျည်လည်ခဲ့ဖူးတဲ့ မြို့ရန်ကုန်ဟာ ကျနော့်အဖို့ ဒုတိယအိမ်ဆိုလည်း မမှားပေဘူး။ သို့ပေမဲ့ စစ်အုပ်စု အာ ဏာသိမ်းပြီး လပိုင်းအကြာမှာပဲ မြို့ရန်ကုန်​နဲ့ ခွဲခဲ့ရတယ်။