Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားတိုက်ပွဲဆက်ဖြစ်၊ ချင်းပူးပေါင်းတပ် ရဲဘော် လေးဦးကျဆုံး

ယမန်နေ့ (ဇွန်လ ၆ရက်)နှင့် ဇွန်လ ၅ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ရဲဘော် သုံးဦး၊ CDF-Zophei မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

(ဟားခါး - ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး - ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၅ရက်နှင့် ၆ရက်တိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

အဆိုပါဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ မေလ ၂၉ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

ယမန်နေ့ (ဇွန်လ ၆ရက်)နှင့် ဇွန်လ ၅ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ရဲဘော် သုံးဦး၊ CDF-Zophei မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

CDF ဇိုဖေက ၎င်းတို့တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

(ဟားခါး - ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး – ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – The Chin Journal)

ဟားခါးနှင့် ထန်တလန်ကြား လုံခါရ်စစ်ဆင်ရေးတွင် နိုင်ငံနှင့်လူမျိုးအတွက် စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ အကြမ်းဖက်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း ရှေ့တန်းတစ်နေရာ၌ အသက်ပေးလှူခဲ့သည့် အသက် (၂၂)နှစ်အရွယ် ရဲဘော် ဆလိုင်းစတဲန်လီငွန်ထားကုန်၏ ပေးဆပ်မှုအပေါ် လေးစားဂုဏ်ပြုကြောင်း၊ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း CDF ဇိုဖေက ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

ချင်းအမျိုးသားတပ်မတော်(CNA)မှ ကျဆုံးရဲဘော်များမှာ ဆလိုင်းငွန်ကျုံးလျန်၊ ဆလိုင်းဆန်ဘွေနှင့် ဆလိုင်းနိုင်မနားထန်းတို့ ဖြစ်သည်ဟု The Chin Journal က ဖော်ပြသည်။

(ဟားခါး - ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး – ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – The Chin Journal)

ချင်းပူးပေါင်းတပ်မှ ရဲဘော်များ ကျဆုံးမှုနှင့် လက်ရှိစစ်ရေးအခြေအနေကို မေးမြန်းရန် CNA နှင့် CDF ဇိုဖေမှ တာဝန်ရှိသူအချို့ကို ယနေ့ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဟားခါး – ထန်တလန်ကြားတွင် မေလ ၂၉ရက်မှ ယမန်နေ့(ဇွန်လ ၆ရက်)အထိ တစ်ပတ်ကျော်ကြာတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူတို့ဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ တိုက်ပွဲစတင်ခဲ့သည့် မေလ ၂၉ရက်တွင်လည်း ချင်းပူးပေါင်းတပ်မှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့သည်။ ဒဏ်ရာရ လူနာကို ကယ်ဆယ်ရေးဆောင်ရွက်စဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ထိခိုက်ကျဆုံးများခဲ့ခြင်းဖြစ်သည်။နောက်ပိုင်းတွင် ချင်းပူးပေါင်းတပ်က အင်အားဖြည့်တင်းပြီး တန်ပြန်စစ်ဆင်ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

(ဟားခါး - ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး – ထန်တလန်အကြားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော CNAနဲ့ CDFမှ ရဲဘော် ၄‌ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – The Chin Journal)

မေလကုန်မှ ဇွန်လ ၄ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ကဘက် ၄၀ ကျော်သေဆုံးထိခိုက်ရှိနိုင်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခင်က ပြောကြားထားသည်။

စစ်ကောင်စီတပ်သည် ထန်တလန်ရှိ ၎င်းတို့တပ်ကို အင်အားဖြည့်တင်းရန် ဦးတည်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲဖြစ်နေကြောင်း ဆလိုင်းထက်နီက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။