Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်နယ်ကို ဗုံးကြဲလို့ နှစ်လအတွင်း အရပ်သား နှစ်ဒါဇင်နီးပါးသေဆုံးခဲ့ရ

ဗုံးပေါက်ကွဲမှုတွေကြောင့် ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင် နှစ် ဦး ၊အရပ်သား ပြည်သူ ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ ချင်အမျိုးသားတပ်ဦးက ဆိုထားပါတယ်။

ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်
ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်

ချင်းပြည်နယ်ထဲကို ဒီနှစ် မတ်လနဲ့ ဧပြီလအတွင်း စစ်ကောင်စီလေတပ်က ဗုံးအလုံးရေ ၁၂၀ ကျော် ကြဲချရာမှာ အရပ်သား နှစ်ဒါဇင် နီးပါးသေဆုံးခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်ဦးက ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။

ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲရာမှာ ရွာလေးရွာ ထဲကို ဗုံး ၂၂ လုံး တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး ဗုံး ၉၀ ကျော်ဟာ ရွာတွေအနီး ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။

ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်
ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်

ဗုံးပေါက်ကွဲမှုတွေကြောင့် ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင် နှစ် ဦး ၊အရပ်သား ပြည်သူ ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ ချင်အမျိုးသားတပ်ဦးက ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါအပြင် အရပ်သား ၃၃ ဦးထိမှန်ဒဏ်ရာရသလို ဘုရားကျောင်း လေးကျောင်းနဲ့ နေအိမ် အလုံး ၅၀ ခန့် ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်
ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်

စစ်ကောင်စီ ဗုံးကြဲတဲ့ ဒေသတွေဟာ ဟားခါးမြို့နယ် ၊ ထန်တလန်မြို့နယ် ၊မင်းတပ်မြို့နယ် ၊ဖလမ်းမြို့နယ်တွေ ဖြစ်တာတွေ့ရပါတယ်။

အဲဒီမြို့နယ်တွေထဲ မတ်လနဲ့ ဧပြီလ နှစ်လအတွင်းမှာတင် ဟားခါးကို ၁၁ ကြိမ် ၊ထန်တလန်ကို ၉ ကြိမ် ဗုံးကြဲခဲ့တာလို့ ချင်းအမျိုးသားတပ်ဦးရဲ့စာရင်းမှာတွေ့ရပါတယ်။

ဓာတ်ပုံ − Chinland Information Center

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။