ချင်းပြည်နယ်ထဲကို ဒီနှစ် မတ်လနဲ့ ဧပြီလအတွင်း စစ်ကောင်စီလေတပ်က ဗုံးအလုံးရေ ၁၂၀ ကျော် ကြဲချရာမှာ အရပ်သား နှစ်ဒါဇင် နီးပါးသေဆုံးခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်ဦးက ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။
ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲရာမှာ ရွာလေးရွာ ထဲကို ဗုံး ၂၂ လုံး တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး ဗုံး ၉၀ ကျော်ဟာ ရွာတွေအနီး ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင် နှစ် ဦး ၊အရပ်သား ပြည်သူ ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ ချင်အမျိုးသားတပ်ဦးက ဆိုထားပါတယ်။

ဒါအပြင် အရပ်သား ၃၃ ဦးထိမှန်ဒဏ်ရာရသလို ဘုရားကျောင်း လေးကျောင်းနဲ့ နေအိမ် အလုံး ၅၀ ခန့် ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

စစ်ကောင်စီ ဗုံးကြဲတဲ့ ဒေသတွေဟာ ဟားခါးမြို့နယ် ၊ ထန်တလန်မြို့နယ် ၊မင်းတပ်မြို့နယ် ၊ဖလမ်းမြို့နယ်တွေ ဖြစ်တာတွေ့ရပါတယ်။
အဲဒီမြို့နယ်တွေထဲ မတ်လနဲ့ ဧပြီလ နှစ်လအတွင်းမှာတင် ဟားခါးကို ၁၁ ကြိမ် ၊ထန်တလန်ကို ၉ ကြိမ် ဗုံးကြဲခဲ့တာလို့ ချင်းအမျိုးသားတပ်ဦးရဲ့စာရင်းမှာတွေ့ရပါတယ်။
ဓာတ်ပုံ − Chinland Information Center

















































