Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန် တန်ပြန်တိုက်ခိုက်နိုင်မည့် ပွိုင့် (၅)လက်နက်များရရှိပြီဟု KNDF အသိပေး

ပွိုင့် ၅လက်နက် နှစ်လက်ရရှိခဲ့သည့် KNDF ဗျူဟာ (၁)သည် လွိုင်ကော်၊ဖယ်ခုံ နှင့် ပင်လောင်း မြို့နယ်များအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည်။

(ရရှိလာသည့် ပွိုင့် (၅)လက်နက်ကို KNDF ရဲဘော်တစ်ဦး ယမန်နေ့က စမ်းသပ်ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - KNDF)
(ရရှိလာသည့် ပွိုင့် (၅)လက်နက်ကို KNDF ရဲဘော်တစ်ဦး ယမန်နေ့က စမ်းသပ်ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - KNDF)

စစ်ကောင်စီ၏ လေကြောင်းရန် တန်ပြန်တိုက်ခိုက်နိုင်မည့် ပွိုင့် (၅)လက်နက်များရရှိပြီ ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာ (၁)မှ တာဝန်ရှိသူက ပြောသည်။

ပွိုင့် ၅လက်နက် နှစ်လက်ရရှိခဲ့သည့် KNDF ဗျူဟာ (၁)သည် လွိုင်ကော်၊ဖယ်ခုံ နှင့် ပင်လောင်း မြို့နယ်များအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည်။

“ကရင်နီ ပွိုင့် (၅)မှာ ပါဝင်ပေးခဲ့ကြတဲ့ လူထုတစ်ဦးချင်းစီတိုင်းကို အမြဲတမ်း အမှတ်ရနေမှာပါ။ရရှိလာတဲ့ ပွိုင့် (၅)လက်နက်များဟာလဲ ကျွန်တော်တို့ရဲ့ ပြည်နယ် လွတ်မြောက်ခြင်း၊မြန်မာပြည်ကြီး လွတ်မြောက်ခြင်း၊ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ခြင်းဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ဆက်လက်အကောင်အထည် ဖော်သွားမယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KNDF တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အတူ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟွဲနှင့် လွယ်လုံကျေးရွာ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိနှင့် စက်တော်ရွာဖက်တွင် စစ်ကြောင်းတစ်ကြောင်း နှင့် လတူးဖက်စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကောင်စီစစ်ကြောင်း သုံးခုကို ကရင်နီတပ်ပေါင်းစုက ဟန့်တားတိုက်ခိုက်နေဆဲ ဖြစ်သည်။

ထိခိုက်သေဆုံးမှုများ ပြားနေခြင်းအပါအဝင် နယ်မြေစိုးမိုးရေးအတွက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများကို ကရင်နီဒေသအတွင်း အရှိန်မြှင့်လုပ်ဆောင်နေသည်။

“ပြီးခဲ့တဲ့ မေလတစ်ခုလုံးအတိုင်းအတာနဲ့ဆိုရင် လေကြောင်းကနေ စစ်ကောင်စီ တိုက်ခိုက်ခဲ့တဲ့ အကြိမ်ရေက ၁၀၀လောက်ရှိတယ်။ဒါက အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေထဲမှာ အကြိမ်ရေအများဆုံးလုပ်ခဲ့တာ”ဟု ကရင်နီလူမှုအသင်းအဖွဲ့များတာဝန်ရှိသူက ရှင်းပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကရင်နီပြည်နယ်၌ ၂၀၂၃ မေလအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၄၆၃)ကြိမ်ရှိခဲ့တယ်လို့ PKPFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook