Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့အနီးရှိ သာကြီးတောင်ရေနံမြေမှ အရာရှိများအပါအဝင် စစ်​ကောင်စီဝန်ထမ်း ၆ ဦး ဖမ်းဆီးခံရ

သာကြီးတောင်ရေနံမြေသည် ပခုက္ကူခရိုင်အတွင်း ရေနံမြေများအနက် စစ်ကောင်စီထိန်းချုပ်ထားသည့်တစ်ခုတည်းသောရေနံမြေဖြစ်သည်။ထို​ကြောင့် ရေနံစိမ်းများသယ်ယူပါလျှင် စစ်ကောင်စီတပ်က လုံခြုံအပြည့်အဝဖြင့် သယ်ယူလေ့ရှိသည်။

(သာကြီး​တောင်​ရေနံ​မြေ ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)
(သာကြီး​တောင်​ရေနံ​မြေ ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)

ပခုက္ကူခရိုင်၊ ကမ္မမြိုနယ်ရှိ သာကြီးတောင်ရေနံမြေမှ ရေနံထုတ်လုပ်ရေးဌာနမှူးနှင့်ရဲနှစ်ဦး အပါအဝင်စစ်​ကောင်စီ ဝန်ထမ်း ၆ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇွန် ၅ ရက်ညနေ ၅နာရီခန့်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့နှင့်တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ဖမ်းဆီးခံရသည့် သူများတွင် ရေနံမြေထုတ်လုပ်ရေးမှူး ဦးအောင်မိုး၊ စီမံခန့်ခွဲရေးဌာနမှ ဦးကျော်ကျော်ငြိမ်း၊ အခြားထုတ်လုပ်ရေးဝန်ထမ်းနှစ်ဦး နှင့် ရဲနှစ်ဦးပါဝင်ကြောင်း ဒေသခံအချို့ကသည်။

သာကြီးတောင်ရေနံမြေမှ ရေနံများသယ်ယူ​နေစဉ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဒေသခံများထံမှသိရသည်။ ၎င်းတို့ ၆ ဦးကို မည်သည့်အဖွဲ့က ဖွဲ့စည်းထားကြောင်းကိုမူမသိရသေးကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

သာကြီးတောင်ရေနံမြေသည် ပခုက္ကူခရိုင်အတွင်း ရေနံမြေများအနက် စစ်ကောင်စီထိန်းချုပ်ထားသည့်တစ်ခုတည်းသောရေနံမြေဖြစ်သည်။ထို​ကြောင့် ရေနံစိမ်းများသယ်ယူပါလျှင် စစ်ကောင်စီတပ်က လုံခြုံအပြည့်အဝဖြင့် သယ်ယူလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ထိုရေနံမြေတွင် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည်။

စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်​ကြောင်းချောက်-လမ်းရွာ၊ ရေနံချောင်း၊ မင်းဘူး၊ ထောက်ရှာပင်၊ ကျောက်ခွက်၊ လက်ပံတို၊ သာကြီးတောင် စ​သောရေနံမြေမှဝန်ထမ်းများက CDM လုပ်ခဲ့ကြဖူးသည်။သာကြီးတောင်ရေနံမြေမှ CDM ဝန်ထမ်းများကို ၂၀၂၁ ဖေဖော်ဝါရီ ၂၁ ကစ၍ ခွင့်မဲ့ရက်အဖြစ်စက်ရုံကတာဝန်ရှိသူက သတ်မှတ်ခဲ့​ကြောင်းစက်ရုံဝန်ထမ်းအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။