Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် PDFအဖွဲ့များ၏ လက်နက်ခဲယမ်းများ ဖမ်းဆီးခဲ့သည့် အင်ပင်စစ်ဆေးရေးဂိတ် အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မေလ ၃၀ ရက်ညက ၁၀ နာရီခွဲခန့်ကလည်း အဆိုပါ အင်ပင်ရွာစခန်းမှ စစ်ကောင်စီတပ်သည် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကိုင်းကျေးရွာအား ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(A Nyar Eagles နှင့် Earthquake PDF အဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-A Nyar Eagles)
(A Nyar Eagles နှင့် Earthquake PDF အဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-A Nyar Eagles)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဒေသကာကွယ်ရေး PDFအဖွဲ့များ၏ လက်နက်ခဲယမ်းများအား ဖမ်းဆီးခဲ့သည့် အင်ပင်စစ်ဆေးရေးဂိတ်အား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Anyar Eagles၏ ပြောရေးဆိုခွင့်ရှိသူ Joe Black က ပြောသည်။

ယမန်နေ့ (ဇွန်လ ၁ ရက်) နံနက် ၁၂နာရီခန့်မှ နေ့လည် ၃နာရီခန့်အထိ စစ်ကောင်စီ​၏ အင်ပင်စစ်ဆေးရေးဂိတ်အား ဒရုန်းများဖြင့် ဗုံးသီးအလုံး ၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း Anyar Eagles၏ ပြောရေးဆိုခွင့်ရှိသူ ကိုJoe Black က ပြောသည်။

“ ပခုက္ကူနဲ့ ငါးမိုင်လောက်ဝေးပါတယ်။ ကျွန်တော် တို့ နေရာတွေခွဲပြီး ဒရုန်းတွေလွှတ်တာပါ။ ပြီးခဲ့တဲ့ ကျွန်တော်တို့ ဆုံးရှုံးမှုအားလုံး ဖမ်းတာ။ သုံးကောင် ဂန့်တယ်။ အလုံးရေများစွာကြဲတာ။ အထိအခိုက်များမယ် မှန်းတယ်” ဟု ကိုJoe Black က ပြောသည်။

Public Service Announcement
Public Service Announcement

အင်ပင်စစ်ဆေးရေးဂိတ်သည် မေလ ၂၃ ရက်မှ ၂၇ ရက်အတွင်း PDF အဖွဲ့များ​၏ လက်နက်ခဲယမ်းများ စစ်ဆေးဖမ်းဆီးခဲ့၍ ကျပ်သိန်းငါးရာကျော်ဖိုး ဆုံးရှုံးခဲ့ပြီး ထိုအတွက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုအား Anyar Eagles နှင့် Earthquake PDF၊ မြိုင် ပကဖ၊ RDF(Royal Defence Force)၊ Black Cheetah၊ Hero New GZ၊ PPDF(ပခုက္ကူ People defence force)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)MOD၊MFDF(Myaing Fighter Defence Force)၊ MSPDF (Myaung Special People Defence Force)၊ ကျားသစ်နက် အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မေလ ၃၀ ရက်ညက ၁၀ နာရီခွဲခန့်ကလည်း အဆိုပါ အင်ပင်ရွာစခန်းမှ စစ်ကောင်စီတပ်သည် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကိုင်းကျေးရွာအား ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်​ကြောင်းမှာရှေ့တိုးလိုက်၊လန်ကျလိုက် ဖြစ်နေတယ်လို့ အဲဒီဒေသက PDFတပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။