Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ် တည်သီးတောရွာပျူစခန်း ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီဘက်ကလည်း တည်သီးတောကျေးရွာ လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရမှုကို ထုတ်ပြန်ခဲ့ပြီး ၅ ဦးသေဆုံးကာ ၉ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အသိပေးသည်။

(ကလေးမြို့နယ် လည်ကြီးရွာ၌ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ)
(ကလေးမြို့နယ် လည်ကြီးရွာ၌ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တည်သီးတောကျေးရွာ ပျူစောထီးစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ​ပြောသည်။

ဇွန်လ ၆ ရက် နံနက် ၄ နာရီ ၄၅မိနစ်ခန့်က တည်သီးတောကျေးရွာ ပျူ‌စခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၂နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲတွင် ပျူ ၁၄ဦးသေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိသွားကြောင်း၊ ထို့အပြင် ဇီးဖြူကုန်းရွာမှ စစ်ကူထွက်လာသော စစ်သားများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့က ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဘန်ကာတွေအကုန်ဖြိုပြီး ရွာကိုစီးနိုင်ခဲ့ပါတယ်။သုံးထပ်ဆောင်ပေါ်က ခွေးခြောက်ကောင်ကိုတော့ အပြီးမဖြိုနိုင်ခဲ့ပါဘူး။ RPG 7မပါတာကြောင့်လို့ သုံးသပ်ပါတယ်။ RPGသာပါရင် ပစ်ပြီးဝင်စီးပြီး လက်နတ်တွေပါ သေချာပေါက်ရမှာပ ပဒိန်၊ (၄၀)မမတွေ ပစ်ပေမယ့် အာစီသုံးထပ်ဆောင်ဖြစ်နေတာကြောင့် RPGနဲ့မှ ဖြိုနိုင်မှာဖြစ်ကြောင့် သုံးထပ်ဆောင် မစီးနိုင်ခဲ့ဘူး”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တည်သီးတောရွာအနီးရှိ မင်းဘေးကျေးရွာမှ ပျူစောထီးများထံမှ လက်လုပ်သေနတ် ၆ လက် သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကလည်း တည်သီးတောကျေးရွာ လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရမှုကို ထုတ်ပြန်ခဲ့ပြီး ၅ ဦးသေဆုံးကာ ၉ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အသိပေးသည်။

ယင်းစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့် ရွှေဘိုခရိုင် တပ်ရင်း(၄)၊ခွဲ-၂/ခွဲ-၃၊ ဗိုလ်ဂျပန်ကြီး (😭.T) – SHWEBO LPDF၊Golden Eagle – ZBG (LPDF)၊ DOG KILLER SHWEBO-LPDF၊BO BA TAW -SHWEBO (LPDF)၊ဗိုလ်မိကျောင်းအဖွဲ့၊ကျားပျံအဖွဲ့၊မဟူရာ ရွှေဘိုသား အဖွဲ့၊ဒေါင်းမာန် အဖွဲ့၊ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သူကြီးများအဖွဲ့- LDF၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်ညီနောင်များ စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တည်သီးတောနှင့် ဇီးဖြူကုန်းကျေးရွာများသည် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအင်အားကောင်းရာ ကျေးရွာများဖြစ်ပြီး စစ်တပ်နှင့်ပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုး သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။