Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဆက်တိုက်ပွဲဝင်ရန် ကချင်ဒေသ တကျော့ပြန်စစ်ပွဲ (၁၂)နှစ်မြောက်တွင် AKSF တိုက်တွန်း

ကချင်စစ်ဘေးဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းမှ တိုက်ရိုက်ကူညီပေးရန်၊ အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးခြွင်းချက်မရှိ လွှတ်ပေးရန်လည်း AKSFက သဘောထား ထုတ်ပြန်သည်။

(လိုင်ဇာမြို့အနီး ကတုတ်ကျင်းတူးနေသော စစ်ဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်။ဓာတ်ပုံ - Simsa Kasa Multimedia)
(လိုင်ဇာမြို့အနီး ကတုတ်ကျင်းတူးနေသော စစ်ဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်။ဓာတ်ပုံ - Simsa Kasa Multimedia)

▪️တိုက်ပွဲများဆက်ဖြစ်နိုင်၍ သတိဝိရိယထားကြရန် KIO တာဝန်ရှိသူ သတိပေး

ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ရည်မှန်းချက်တူညီသည့် အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ပြီး တိုက်ပွဲဝင်ကြရန် ကချင်ဒေသ တကျော့ပြန်စစ်ပွဲ (၁၂)နှစ်မြောက်နေ့တွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားဖက်ဒရေးရှင်း(AKSF)က ယနေ့ (ဇွန်လ ၉ရက်) ထုတ်ပြန်သည်။

ယနေ့ကျရောက်သည့် ကချင်ဒေသ တကျော့ပြန် စစ်ပွဲဖြစ်ပွားမှု (၁၂)နှစ်မြောက်နေ့ သဘောထား ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကချင်စစ်ဘေးဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းမှ တိုက်ရိုက်ကူညီပေးရန်၊ အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးခြွင်းချက်မရှိ လွှတ်ပေးရန်လည်း AKSFက သဘောထား ထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့် စစ်ကောင်စီတပ်ကို ခုခံတော်လှန်လျက်ရှိရာ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်း AKSF ဒုဥက္ကဋ္ဌ ကိုလထော်ဇော်တန်က ပြောသည်။

Public Service Announcement

Public Service Announcement

“လူထုတွေက အမြဲတော့ ပြင်ဆင်ထားကြပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာ ပိုဆိုးတာပေါ့။ ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာ မသိတဲ့အခြေအနေ။ အခုဆို ဆယ်စုနှစ်တစ်ခုချီပြီးမှ စစ်ဖြစ်ခဲ့တယ်ဆိုတော့ တိုက်ပွဲအတွက်တော့ အမြဲ နိုးနိုးကြားကြားရှိပါတယ်။ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ မသိရင်တောင် နိုးနိုးကြားကြားရှိကြပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် စစ်ကောင်စီက ဒေသတွင်း ငြိမ်းချမ်းနေပြီဟု ဝါဒဖြန့်လို၍ စစ်ရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးနေသော်လည်း လုံခြုံရေးအာမခံချက်မရှိဖြစ်နေကာ စစ်ရှောင်များ အခက်အခဲများ ကြုံနေကြရသည်ဟု ဆိုသည်။

စစ်ကောင်စီမှ နိုင်ငံကို မတရားအာဏာသိမ်းပြီးနောက် စစ်ဘေးရှောင် ပြည်သူလူထုများသည် စားဝတ်နေရေးအတွက် ပိုခက်ခဲလာပြီး လုံခြုံရေးလည်း စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း AKSFက ထုတ်ပြန်သည်။

“အခုလို အခြေအနေမှာ စစ်ရှောင်တာလည်း ၁၂နှစ်ပြည့်ပြီဆိုတော့ တော်တော်လည်း လုံးပါးပါးနေကြတဲ့ အခြေအနေပေါ့။ အရင်တုန်းက စစ်ရှောင်တာ ကချင်ပြည်နယ်လောက်ပဲရှိတာ အခုတစ်နိုင်ငံလုံး အခြေအနေဆိုတော့ ပိုပြီးမှ ကြပ်တည်းလာတယ်။ ငွေရေးကြေးရေးကအစ ခက်ခဲကြပ်တည်းလာတယ်ဆိုတော့ အကုန်လုံးက အားတင်းထားကြပါလို့။ တိုက်ပွဲတွေဆက်ရှိပြီး ဒီခရီးက ဘယ်အထိ ရောက်နိုင်မယ်ဆိုတာ မသိနိုင်ဘူးဆိုတော့ ဆက်ပြီးမှ ကြိုးစားကြရအောင်လို့ တိုက်တွန်းလိုပါတယ်”ဟု ကိုလထော်ဇော်တန်က ပြောသည်။

ကချင်ဒေသ တစ်ကျော့ပြန်စစ်ပွဲ (၁၂)နှစ်မြောက်နေ့နှင့်ပတ်သက်ပြီး မေးမြန်းရန် KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ကချင်ဒေသအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်သို့ ဗိုလ်မှူးကြီးနော်ဘူ၏ ဖြေကြားချက်တွင် တော်လှန်ရေးခရီးကို စဉ်းစားကြည့်ပါက လွတ်လပ်ရေးမရသေး၍ စစ်ရှောင်ရသည့် အခက်အခဲ ဆက်လက်ကြုံလာနိုင်သည်ကို ကြိုတင်သတိဝိရိယထားကြရန် ပြောကြားခဲ့သည်။

“တိုက်ပွဲဖြစ်ပြီး စစ်ရှောင်တာ ဒီနေ့ ၁၂နှစ် ပြည့်ပြီ။ အခုလည်း တိုက်ပွဲတွေ လုံး၀မဖြစ်တော့ဘူးလို့ဘယ်သူမှလည်း အာမခံပြီးမပြောနိုင်ဘူး။ စစ်ရှောင်တာ ကာလရှည်သွားတဲ့အတွက် အဖက်ဖက်မှာ အခက်အခဲကြုံနေရတဲ့အတွက် KIO ထိန်းချုပ်မှုအောက်မှာရှိတဲ့သူတွေကိုတော့ ကိုယ့်နေရပ်ကို ဖြစ်နိုင်တဲ့နည်းနဲ့ ပြန်ပြီး လယ်လုပ်တာကို အဓိက ထားရအောင်။နေအိမ် ဆောက်တာတွေကိုတော့ ဒုတိယအနေနဲ့ စဉ်းစားရအောင်လို့ အကြံပေးချင်တယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ကြောင်း မြစ်ကြီးနား သတင်းဂျာနယ်က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း

စစ်သုံးပစ္စည်းများ သယ်ဆောင်ရာတွင် အရပ်သားပြည်သူများအားအသုံးပြုရန် စီစဉ်ခြင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းခြင်းသာဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်သည် ပြည်သူပိုင် စက်လှေများကိုလည်း ချောဆွဲအသုံးပြုလျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်အာဏာရှင်နဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ လူမျိုးတိုင်း၊အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်ရမယ်လည်းလို့လည်း KNU ဥက္ကဋ္ဌက မှာကြားပါတယ်။